လက်တွေ့မျက်တွေ့ဝါဒ
သို့မဟုတ်
တစ်ရေးနိုး အဘိဓမ္မာ
သျှင်ဥက္ကဌက သူပြော၊ လူပြော တဆင့်စကားကို ကြားကာမတ္တနှင့် မှန်လှပြီ၊ ဟုတ်လှပြီဟု မယုံကြည်ပါလေနှင့်။ အသင်တို့၏ အမိအဖ၊ ဆရာသမား၊ သက်ကြီးဝါရင့်များက ပြောကြားခဲ့တဲ့စကားဖြစ်လို့ မုချဧကန် မှန်ရမည်ဟု မမှတ်ယူကြကုန်ရာ။ အသင်တို့၏ ရှေးစာအုပ်ကြီးတွေ၊ ပေထုပ်ကြီးတွေ၊
ပရပိုက်ကြီးတွေထဲမှာ ပါခဲ့တယ်ဆိုရုံမျှနှင့် မှန်လှပြီဟု မမှတ်ယူရာ။ သင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုရားရဟန္တာတို့၏ မုက္ခပါဌ်အစစ် ဖြစ်သည်ဟု ဆိုကာမတ္တနှင့် အချွတ်ဧကန်မှန်လှပြီဟု မယုံကြည်ပါနှင့်။ သက်ကြီးစကား သက်ငယ်ကြားဟူသော ပရိဘာသာအရ အစဉ်အလာကို ရိုသေသမှု
ဤတစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ မှန်လှပြီဟူ၍ တထစ်ချမမှတ်ယူကုန်ရာ။ ဟူ၍ ဗုဒ္ဓစာချွန် တော် စာအုပ်အဖွင့်၌ ဆိုထားလေသည်။ မိမိစကား မဟုတ်မူ၍ ဗုဒ္ဓ၏ စာချွန်တော်ဖြစ်ကြောင်းလည်း ဖေါ်ပြထားလေသည်။
ကျွန်ုပ်တို့သည် သျှင်ဥက္ကဌ၏ စိတ်၊ ရုပ် အယူအဆနှင့်ပါတ်သက်၍ ဝေဖန်ခဲ့ကြသည်။ သျှင်ဥက္ကဌက ဗုဒ္ဓ၀ါဒ၌ စိတ်ကို အဖြစ်ထား၍ ရုပ်ကို အရှိ ပစ္စည်းထားကာ ဆွေးနွေးခဲ့သည့် အချက်အလက်များကိုလည်း မည်မျှ ယုတ္တိတန်မတန် ဖေါ်ပြခဲ့ပြီ။ ဗုဒ္ဓ၀ါဒ၌ အနောက်တိုင်းအဘိဓမ္မာများမှာကဲ့သို့ ရုပ်ကို အရှိပစ္စည်းမဖြစ် လက်ခံယုံကြည်ချက် လုံးဝ မရှိချေ။ သျှင်ဥက္ကဌကမူ ရုပ်ကို အရှိ ပစ္စည်းကြီးအဖြစ်ထားနေခြင်းမှာ ဗုဒ္ဓအလိုလော ရုပ်ဝါဒီ အလိုလော ဟု တွေးတောဘွယ်ရာဖြစ်သည်။ (Mental Substance) ခေါ် စိတ်ဝတ္ထုသဘော သည် ၄င်း၊ (Physical Substance) ခေါ် ရုပ်ဝတ္ထုသဘောသည်၎င်း၊ ဗုဒ္ဓအဘိဓမ္မာက လက်ခံသည်မဟုတ်။ ဗုဒ္ဓအလိုမှာ အသိအစဉ်သာလျှင် အရှိဖြစ်လေသည်။ ဗုဒ္ဓသည် မျက်မှောက်ဝါဒသမား သက်သက်ဖြစ်သည်ကု မငြင်းလိုပေ။ ဗုဒ္ဓပွင့်သောခေတ်က အိန္ဒိယပြည်တွင်ရှိသော ဟိန္ဒူအယူအဆများ၌ (၁) သူတပါးစကား၊ ကျမ်းဂန်စကား၊ ယုံလောက်သော မွန်မြတ်သည့် ပုဂ္ဂိုလ်တို့၏ စကားကို ကြားနာခြင်းဖြင့် မှန်သောအသိပညာရနိုင်သော အယူအဆ။ (၂) ရုပ်ဝတ္ထုပစ္စည်းတစ်ခုပေါ်တွင် အခြေတည်၍ ကျန်ဝတ္ထုတစ်ခုသို့ အနုမာန မျက်ရမ်းဆခြင်းဖြင့် မှန်သောအသိသစ် အမြင်သစ် ရနိုင်သည်ဆိုသော အယူအဆ။ (၃) ၀တ္ထုတစ်ခုနှင့် အခြားဝတ္ထုတစ်ခု နှိုင်းယှဉ်၍ အသိပညာ ရနိုင်သည် ဆိုသောအယူအဆ စသည် အသိပညာရကြောင်း တရားအမျိုးမျိုးကို
ယုံကြည်ကြသည်။ ထိုအသိပညာ၏ မူလပင်မသဘောအချို့ကို စာဖတ်သူတို့ ဗဟုသုတ ဖြစ်စိမ့်သောငှာ အကျဉ်းချုံး၍ အောက်ပါအတိုင်း ဖေါ်ပြလိုပါသည်။(၁) Sabda-Authoritative Knowledge သူတပါး၊ ယုံလောက်သူတို့ စကားကြောင့် သိမြင်နားလည်ခြင်း။ (၂) Pranana-Perception အာရုံအားဖြင့်
သိမြင်နားလည်ခြင်း အတွေ့အကြုံ။ (၃) Anumana-Inference ရုပ်ဝတ္ထုတစ်ခု ကိုမှီ၍ အခြားတစ်ခုကို တွေးခေါ်သုံးသပ်ခြင်း (အနုမာန) ဥပမာ မီးခိုးကို မြင်ရာ မီးရှိသည် ဆိုသကဲ့သို့ဖြစ်သည်။ (၄) Upamana-Comparison နှိုင်းယှဉ် သိမြင်မှု တို့ဖြစ်ပါသည်။ ဤနေရာ၌ ဗုဒ္ဓသည် (Perception) ခေါ်သော
မိမိ ကိုယ်ကို တွေ့ရှိသိမြင်မှု၌ ယုံကြည်သည်ဆိုသော်လည်း ဗုဒ္ဓ၀ါဒ၌ ဤအချက် တစ်ခုအပေါ်တွင်ပင်လျှင် ၀ိဝါဒသောင်းခြောက်ထောင် ကွဲပြားနေသည်ကို သျှင်ဥက္ကဌ မလေ့လာမိဘဲ နေမည်မထင်ပေ။ ဤအတွေ့အကြုံဝါဒကိုတည်၍ ဗုဒ္ဓ၀ါဒ ဂိုဏ်းပေါင်းများစွာ ကွဲပြားကာ၊ ၀ိဥာဏ၀ါဒဘက်သို့ လိုက်ကုန်ကြသည်
လည်း ရှိကြသည်။ မျက်တွေ့မျက်မြင် အဘယ်ကိုသင်သိစွမ်းပါသနည်း။ ဥပမာ အရာဝတ္ထုတစ်ခုကိုကြည့်ပါ သတိတစ်ခုရလာနိုင်ရန်အတွက် ထိုအရာဝတ္ထုနှင့် သိလိုသူသည် အာရုံမှတဆင့် ဆက်သွယ်ရသည်။ ဤနေရာ၌ သျှင်ဥက္ကဌက အိုယောဂီ သင်ဘယ်ဆီသွားမလဲ စာအုပ် စာမျက်နှာ (၅) တွင် ဟဒယသည်
ပြင်ပ ပသာဒ စက္ခု၊ သောတ၊ ဃာန၊ ဇီဝ၊ ကာယ တို့က တိုက်ရိုက်အာရုံယူ၍ ပို့ရှိထားသော အာရုံ (Sensation) တို့ကို မှတ်သားထားသော သဘာဝ အလျောက် ၄င်းဟဒယအပေါ်တွင် အကန့်လေးကန့်ထား၍ နေရာလေးချက် ကန့်သတ်လျှက်ရှိ၏ ဟုဆိုသည်။ တဖန် စာမျက်နှာ (၂) ၌လည်း
မိမိတို့ကိုယ် ရှိ အကြည်ပသာဒခြောက်မျိုးနှင့် ဗဟိဒ္ဓလောကရှိ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖေါဌဗ္ဗာရုံ တို့တိုက်ရိုက်တွေ့ဆုံမှသာလျှင် ပဋိစ္စသမုပ္ပါဒ်တရားအရ၊ စိတ်ဝိဥာဏ် နာမ်တရားများ ဖြစ်ပေါ်လာခြင်းကို တွေ့ရပေတယ် ဟုဆိုသည်။ သျှင်ဥက္ကဌအဆို မှားသည်ဟုမဆိုလိုသော်လည်း
မှန်သည်ဟူ၍လည်းမဆို လိုပေ။ စဉ်းစားစရာ များစွာရှိသည်ဟုသာ ဆိုလိုပေသည်။ သျှင်ဥက္ကဌဆိုလိုရင်း ကို အလွယ်ဆုံးဖြစ်အောင် ပြန်ပြောရလျှင် လူ၌ ရှိသော ပသာဒခြောက်မျိုးနှင့် ပြင်ပကမ္ဘာမှ ရုပ်ဝတ္ထုတစ်ခုကို ထိတွေ့လိုက်သည်ရှိသော် အာရုံစတင်ဖြစ်ပေါ် လာသည်။ ဥပမာ မိမိစာရေးနေသော
ကလောင်ကို မိမိ၏စက္ခုပသာဒဖြင့် ကြည့်လိုက်သော် အရာဝတ္ထုတခုကို မြင်ရမည်။ အပြာရောင်ရှိက ကလောင် ပြာဖြင့်မြင်ရသည်။ သို့သော် အပြာကိုမြင်ရခြင်းသည် မိမိစက္ခုပသာဒနှင့် ၀တ္ထုကြား၌ အလင်းရောင်တည်းဟူသော ပေါင်းကူး ရှိရပေသေးသည်။ သို့ဆိုလျှင် သိမှု၌ ရုပ်ဝတ္ထု၊
စက္ခုပသာဒ နှစ်ခုတည်းရှိရုံမျှနှင့် မပြီးသေးကြောင်း ထင်ရှားသည်။ ထိုထက် နက်နက်ရှိုင်းရှိုင်းစဉ်းစားတတ်ပါလျှင် ပိုမိုနက်နဲသော အမြင်တစ်ခု ရလာဖွယ်ရှိသေးသည်။ ထိုကား အခြားမဟုတ် ဗုဒ္ဓအဘိဓမ္မာ၌ အရာဝတ္ထုတိုင်းသည် အမြဲတစေ တည်ရှိသည်မဟုတ်၊ ထာဝစဉ်မြစ်ရေလျင် ကဲ့သို့ အစဉ်တစိုက် ပြောင်းလဲပျက်စီးနေသည်။ မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသခင်က ဖြစ်ပေါ်လာသမျှသော အရာခပ်သိမ်းတို့၌ အကြောင်းတရားက
ဖန်တီးဖြစ်ပေါ်ရသည်သာ ဖြစ်သောကြောင့် မည်သည့် အရာမျှ မတည်မြဲနိုင်ချေ ဟူ၍ ဟောကြားခဲ့လေသည်။ ဤအချက်ကို သျှင်ဥက္ကဌ ငြင်းလိုပါသလော၊ မငြင်းနိုင်ဆိုပါက ဆိုခဲ့ပြီးသော လက်ထဲမှ ကလောင်ကို တစုံတစ်ယောက်သောသူသည် ကိုင်ထားရင်းမတ္တက ကလောင်သည် တဖြည်းဖြည်းဟောင်းနွမ်းပျက်စီးနေသည် မဟုတ်လော။ သို့သော် လက်ကမူ ကလောင်ကို ကိုင်ထားသည်ဟုသာ သိပြီး မိမိကိုင်ထားသော ကလောင်သည်
မိနစ်စက္ကန့်တိုင်းမှာ ပြောင်းလဲနေသော ကြောင့် စာရေးနေစဉ်အတွင်းပင် စောစောက ကလောင်နှင့် ယခုကလောင် မတူတော့ပြီ၊ ပြောင်းလဲသွားပြီကို မသိဘဲရှိတတ်သည်။ အရာဝတ္ထုတိုင်းသည် အစဉ်တစိုက် ပြောင်းလဲပျက်စီး နေသည် ဖြစ်သောကြောင့်လည်း အရာဝတ္ထုတခုကို မိမိကကြည့်မည်ဟု ပြဌာန်းပြီး
ဖြတ်ကနဲကြည့်လိုက်သည်နှင့် တပြိုင်နက် မိမိမြင်သောအရာသည် မိမိကြည့်မည်ဟု စိတ်ကူးသောအရာနှင့် မတူနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကြည့်မည်ဟုစိတ်ကူးစဉ်က ရှိနေသောအရာသည် ကြည့်လိုက်သောအချိန်၌ ရှိသောအရာနှင့်မတူ ပြောင်းလဲသွားလေပြီ။ သို့ဆိုလျှင် အဘယ်အရာကိုကြည့်
၍ အဘယ်အရာကို လူသားသိနိုင်ပါသနည်း။ သူသိသောအရာသည် သူသိသော အရာနှင့် တခြားစီဖြစ်နေပြီ မဟုတ်ပါလော။ ပိုမိုနားလည်စေရန် ရှင်လင်းဖေါ်ပြရလျှင် လူတစ်ဦးသည် ရေအလျှင်ဖြင့် စီးဆင်းနေသော မြစ်တခု အတွင်းသို့ဆင်းပြီး နောက်တစ်ကြိမ် ထိုနေရာသို့ပင် ဆင်းသည်ဆိုပါစို့ ထိုသူ၌ ပထမအကြိမ် ဆင်းသောအခါ စွတ်စိုသောရေနှင့် ဒုတိယအကြိမ်ဆင်းသောအခါ စွတ်စိုသောရေတို့ လုံးဝမတူတော့သည်ကို စဉ်းစားကြည့်ရာသည်။ တဖန် စဉ်းစားပါဦး အရာဝတ္ထုတခုကို မိမိကြည့်မည်ဟု စိတ်ကူးပြီး ကြည့်လိုက် သည်နှင့်တပြိုင်နက် ထိုပစ္စည်းပြောင်းလဲသွားပြီဖြစ်သောကြောင့် မိမိကြည့်မည့် အရာဝတ္ထုနှင့် မိမိမြင်သောအရာဝတ္ထု မတူနိုင်လျှင် မိမိမြင်သောအရာသည် အမှန်ပင်မိမိကြည့်သော အရာဖြစ်ကြောင်း
အဘယ်နည်းနှင့်ဆိုပါမည်နည်း။ မိမိမြင်သောအရာတိုင်းသည် အစဉ်ပြောင်းလဲနေသော အရာသာဖြစ်သော ကြောင့်လည်း အဘယ်အရာကို မိမိမြင်ပါသည်ဟု ဧကန်မုချဆိုမည်နည်း။ စဉ်းစားကြည့်ပါဦး အရာဝတ္ထုသည် ပြောင်းလဲသွားသကဲ့သို့ မိမိစက္ခုပသာဒနှင့် တကွသော ကျန်ပသာဒအားလုံးသည်လည်း
ပြောင်းလဲနေသည်မဟုတ်လော။ သို့ဆိုလျှင် ပြောင်းလဲနေသော ပသာဒတစ်ခုက ပြောင်းလဲနေသောအရာဝတ္ထု တခုကို ထိတွေ့၍ လက်တွေ့မျက်တွေ့ အသိကိုရှာသောအခါ၊ အဘယ်မည်သော အသိမှန်ကိုရပါမည်နည်း။ အဘယ်မည်သော ပညာရှင်သည် အသိမှန် အမြင်မှန်ရပါမည်နည်း။ တဖန်စဉ်းစားပါဦး
အရာဝတ္ထုတခုကို မြင်သိသောအခါ၌ ကျွန်ုပ်တို့မြင်သောအရာသည် အဘယ်နည်း။ ထိုအရာဝတ္ထု၏ အပြင်ပန်းသဏ္ဍာန် အသွင်အပြင်သာလျှင်မဟုတ်လော။ ထိုပြင်ပသဏ္ဍာန်ဆိုရာမှာပင် ထိုအရာဝတ္ထု၏ အရောင်အဆင်း၊ အလေးချိန်၊ အတိုင်းအဆ၊ အရွယ်အစား စသည်တို့သာလျှင်ဖြစ်၏။ အခြားမည်သည့်
အရာကိုမျှမသိချေ။ မြင်လည်းမမြင်ချေ။ သို့သော် ဆိုခဲ့ပြီးသော အရောင်အဆင်း၊ အလေးချိန်၊ အရွယ်အစား၊ အတိုင်းအဆတို့သည် ထိုအရာဝတ္ထု၏ အရည်အချင်းများသာဖြစ်၏။ ပင်ကိုယ်သဘာဝမဟုတ်ကြချေ။ မြင်မှတွေ့မှယုံသော ထိုလူသားအဖို့ အရာဝတ္ထုတို့သည် အပေါ်ပြင်က
အသွင်သဏ္ဍာန်များကိုသာ မြင်စေသိစေသည်။ ထို့ထက်ပို၍ တစိုးတစိမျှ မသိနိုင်ချေ။ သို့ဖြစ်သောကြောင့် ၀တ္ထုပစ္စည်းတို့၏ မူလပင်မသဘောသည် ဘယ်သောအခါမျှ သျှင်ဥက္ကဌအားကိုးသော စက္ခု၊ သောတ၊ ဃာန၊ ဇီဝ၊ ကာယ စသည် ပသာဒတို့၌ မတင်နိုင်ချေ။ ထို့ကြောင့် ထိုပသာဒအားကိုးဖြင့်လည်း
ဝတ္ထုပစ္စည်းတို့၏ မူလဘူတသဘောကို မသိနိုင်၊ မမြင်နိုင်။ စဉ်းစားပါဦး ယခုဆို သကဲ့သို့ လူသည်ပသာဒတို့ဖြင့် အရာဝတ္ထုတို့၏အပေါ်ယံက အသွင်သဏ္ဍာန် များကိုသာ တွေ့မြင်သိရှိနိုင်သည်ဖြစ်သောကြောင့် ထိုမိမိတို့သိသော အရာသည်လည်း ထိုဝတ္ထုပစ္စည်း၏ တကယ့်တကယ်ပိုင်ဆိုင်သော
အရည်အချင်းများ ဖြစ်သည်ဟူ၍ အဘယ်သို့ဆိုနိုင်မည်နည်း။ ထိုဝတ္ထုပစ္စည်း နှင့် ကျွန်ုပ်တို့မြင်ရသော အပေါ်ပြင်က အသွင်အပြင်တို့သည် အညမည ဆက်သွယ်သည်ဟူ၍ ဘယ်သို့ဆိုမည်နည်း။ ဆိုမည်ဆိုလျှင် ဆိုနိုင်သော အကြောင်းရှိ၏။ သို့သော် ထိုအကြောင်းကား သျှင်ဥက္ကဌတို့ ယုံကြည်သော
မျက်မြင်လက်တွေ့ပြနိုင်သော အကြောင်းမဟုတ်ချေ။ သုံးသပ်တွေးခေါ်မှ သိမြင်နိုင်သော အကြောင်းတရား ဖြစ်ချေသည်။ လောကတွင် အမှန်တရား ကိုသိရှိနိုင်ရန် အသိပညာကို နည်းမျိုးစုံဖြင့် ပညာရှင်များရှာကြံခဲ့ကြ လေပြီ။ ဗုဒ္ဓမတိုင်မီကပင် အိန္ဒိယပြည်၌ ချားဗားကား ခေါ်သော ရုပ်ဝါဒီများ ပေါ်ပေါက်
ခဲ့ကြလေသည်။ ထိုသူတို့သည် သျှင်ဥက္ကဌဖေါ်ပြခဲ့သော (သူပြော၊ လူပြော တဆင့်စကားကို ကြားကာမတ္တနှင့် မှန်လှပြီဟု မယုံကြည်ကြပေ။ ကျမ်းဂန် စာပေကဆိုသောကြောင့် မှန်သည်ဟူ၍လည်း မယုံကြည်ကြချေ။ မီးခိုးကို မြင်ကာမတ္တဖြင့် မီးရှိပြီဟု မျက်တွေ့မျက်မြင် မဟုတ်ဘဲ တွေးခေါ်သုံးသပ်သော အသိပညာမျိုးကိုလည်း မှန်လှပြီဟူ၍ မယုံကြည်ကြချေ။ ထိုသူတို့ကား ရုပ်ဝါဒီ စစ်စစ်များဖြစ်ကြ၏။ ရုပ်သာလျှင်
အရှိတရားကြီးဖြစ်သည် ဟူ၍လည်း ယုံကြည်ကြသည်။ စိတ်မှာကား ရုပ်ပေါ်တွင်တည်မှီ၍ ဖြစ်ရသော အဖြစ်တရား သာဖြစ်ကြောင်း ယုံကြည်သည် ဖြစ်ရကား အသိပညာဆိုင်ရာ သဘောတရား တွင်လည်း ရုပ်မှတ်သိမှု၊ မျက်မှောက်မျက်မြင် ကိုသာ လက်ခံခဲ့ကြလေသည်။ သျှင်ဥက္ကဌမှာလည်း
ရုပ်ကိုအရှိ၊ စိတ်ကိုအဖြစ်တရားအဖြစ် ယုံကြည်ရာ၌၄င်း၊ အသိပညာဆိုင်ရာ သဘောတရား၌ လက်တွေ့မျက်တွေ့ကိုမှ ယုံကြည်ရာ သည်ဟူ၍ မြွက်ဟပြောဆိုရာ၌၄င်း၊ ဗုဒ္ဓ၀ါဒီ မဆန်ဘဲ ချာဗားကားခေါ် ရုပ်ဝါဒီ ဆန်လှချေတော့သည်။ ရုပ်ဝါဒီဆိုရာမှာပင် ခေတ်သစ်ရုပ်ဝါဒီမဟုတ်
ဟောင်းနွမ်း ပြောက်ကွယ်ခဲ့ပြီဖြစ်သော ရုပ်ဝါဒီများ၏ အယူအဆဆွေးများကို တရေးနိုးမှထ၍ ကယောင်ကတမ်း ပြောဆိုသည်နှင့်သာတူလေတော့သည်။ မရှိတရားကို အစွဲပြု၍ ပြောဆိုခြင်းသည် မှားသောဥပါဒါန် ဖြစ်ကြောင်း ယုံကြည် ထားသည်ဖြစ်၍ သျှင်ဥက္ကဌက အရှိတရားကို ခြေကုတ်ကာ ပြောလိုဟန်ရှိသည်။ သျှင်ဥက္ကဌယုံကြည်သကဲ့သို့ လောက၌ရုပ်ဝတ္ထုတို့သည် အရှိတရားများ ဖြစ်ကြသည်ဟူ၍ အဘယ်မည်သော အထောက်အထား သာဓကဖြင့် သျှင်ဥက္ကဌသည် အဘိဓမ္မာဆန်ဆန် သက်သေထူပြနိုင်ပါမည်နည်း။ ရုပ်သည် အရှိဖြစ်သည်ဆိုခြင်းအတွက် ရုပ်ရှိကြောင်း အထောက်အထားဖြင့် ပြပါဦးလော့။ ရုပ်သည် မျက်စိဖြင့်မြင်ရသောကြောင့် ရှိပါသလော။ စိတ်သည် မျက်စိဖြင့် မမြင်ရသောကြောင့်
အရှိမဟုတ်တော့ပြီလော။ မေးခွန်းတစ်ခုတော့ မေးကြည့်ချင်ပါသေးသည်။ ကောင်းပါပြီ မျက်စိရှိကာမတ္တဖြင့် စိတ်မရှိဘဲ ရုပ်ရှိကြောင်း အဘယ်သို့သိပါသနည်း။ သက်ရှိရုပ်တို့သည် မျက်စိရှိလျှက် စိတ် (အသိဓါတ်) မရှိသောအခါ ပျက်စီးရသည် မဟုတ်လော။ ရုပ်ရှိသည် ရုပ်ရှိသည်ဟု ဆိုနေသူများမှာ ရုပ်ရှိကြောင်းသိထားရပေမည်။ ရုပ်ရှိကြောင်း ဘယ်အရာကသိသနည်း။ ၀ိဥာဉ်ကသိ၏ ၀ိဥာဉ်သည် စိတ်အစဉ်ပင်ဖြစ်၏။ သျှင်ဥက္ကဌအနေနှင့် အဘိဓမ္မာ၌ တစ်ဖက်စွန်းနင်းဝါဒကို လက်ကိုင်ထားသမျှ ကျန်တစ်ဖက်စွန်း ထောင်နေမည်ကို သတိပြုရာသည်။ ဤသို့ဝေဖန်သော
ကြောင့် ကျွန်ုပ်တို့အား ၀ိဥာဏ၀ါဒ ဂိုဏ်းသားများဖြစ်သည်ဟု ဆိုဖွယ် အကြောင်းမရှိချေ။ ကျွန်ုပ်တို့ကား ရုပ်ထက်ဝိဥာဏ်ဓါတ်က ပို၍ အရးကြီးသည် ဟုလည်းမယူချေ။ ယထာဘူတိက သစ္စာဝါဒကို လက်ခံသူများထဲတွင် ကျွန်ုပ်တို့ ပါ၏။ ကျွန်ုပ်တို့ အနေနှင့်ကား ရုပ်ဝါဒသည်လည်းကောင်း၊ ၀ိဥာဏ
ဝါဒသည်လည်းကောင်း လောကကိုရှိရင်းစွဲအတိုင်း၊ ယထာဘူတ အတိုင်း၊ ပကတိအတိုင်း မကြည့်ကြကုန်သည်ဖြစ်၍ လောကကိုအကျိုးမပြုဟု မြင်သည်။ လက်ငင်းဖြစ်ရသောဘ၀ကို မျက်မှောက်ပြုနေရသော လူသား မှန်သမျှ လောကဖြစ်စဉ်များကို ယထာဘူတကျအောင်ကြည့်လျှင် ရုပ်နှင့်စိတ် သည် သက်ရှိရုပ်၏ ၀ိသေသလက္ခဏာများ ဖြစ်ကြသည်ကို မြင်ရမည်။ ထိုတရား နှစ်ပါးသည်သာ လောကကိုအတူတကွ အကျိုးပြုနေကြပေသည်။
အာရုံသိမှုပြဿနာများ
အရှေ့တိုင်း တွေးခေါ်မှုပညာ၌ အာရုံသိမှုဆိုင်ရာ ပြဿနာအမြောက် အများ ရှိသည်။ အာရုံသိမှုမှာ ရုပ်ဝတ္ထုတခုနှင့် သိလိုသူတို့ ဆက်စပ်မှုသဘော ပင် ဖြစ်သည်။ တနည်းဆိုရပါလျှင် သျှင်ဥက္ကဌတွေးခေါ်သကဲ့သို့ စက္ခု၊ သောတ၊ ဃာန၊ ဇီဝ စသည်တို့က တိုက်ရိုက်အာရုံယူ၍ ဟဒယသို့ပို့ကာ သိမြင်မှုမျိုး
ဖြစ်သည်။ အိန္ဒိယပြည်၌ ဂျိမ်းဝါဒကလည်း ထိုအယူအဆကို တနည်းတဖုံ လက်ခံသည်။ ဂျိမ်းဝါဒတွင် ချက်ခြင်းတိုက်ရိုက်အသိနှင့် သွယ်ဝိုက်၍ သိသော အသိဟူ၍ နှစ်မျိုးခွဲ လက်ခံသည်။ ထို့ပြင် တိုက်ရိုက် အသိမှာပင် အာရုံသိ သက်သက်၌ ထူးခြားသောအသိဟူ၍ ခွဲခြားထားသေး၏။ လူတစ်ဦးတစ်ယောက်
သည် မောဟ၊ ဒေါသ၊ မာန်မာနများကို ကျော်လွန်နိုင်သောအခါ ထိုသူသည် အခြားလူ တစ်ဦးတစ်ယောက်၏ ရှေးဖြစ်နောက်ဖြစ် အားလုံးကို လက်တွေ့ မျက်တွေ့အားဖြင့် မြင်နိုင်သည်ဟု အယူရှိ၏။ တစ်စုံတစ်ယောက်သောသူသည် မိမိ၌ ငြိတွယ်နေသော ကာမုပ္ပါဒါန်အားလုံးကို ခွဲခွါနိုင်သောအခါ၌ကား
အလုံးစုံသော တရားကို သိမြင်နိုင်သောဥာဏ်တော်ကို ရသည်ဟု အယူရှိလေသည်။ နျာယ၀ါဒ၌လည်း လောကီအသိနှင့် အလောကီအသိဟူ၍ နှစ်ပိုင်း ပိုင်းထားသည်။ အာရုံနှင့်ဆက်စပ်သိရသော အသိမှန်သမျှမှာ လောကီအသိများ ဖြစ်ကြသည်။ အလောကီအသိတွင်ကား အရာဝတ္ထုတို့သည် အာရုံ၌ ထင်လာ
ခြင်မရှိ တစုံတရာ ထူးခြားသောအကြောင်းက အရာဝတ္ထုကို အာရုံနှင့် ဆက်သွယ်ပေးသည်။ ဥပမာ ရေခဲကို မြင်ရုံနှင့် စိတ်ထဲက အေးသည်ဟူသော အာရုံဖြစ်လာသည်။ သံပုရာသီးနှင့် ဆားကိုမြင်သောအခါ သရေဖြစ်ပေါ်လာ သကဲ့သို့ပင်တည်း။ နောက်တနည်းမှာ လူတိုင်းသည် အနိစ္စဖြစ်ကြ၏
ဟုဆိုရာ၌ ကျွန်ုပ်တို့ သိနိုင်သောအချက်က လူတချို့သာဖြစ်၏။ လူဖြစ်ခြင်းဆိုသော သဘော၊ လူဟူသောသီးသန့် အတန်းအစားသဘောသည် မြင်နိုင်၊ သိနိုင်၊ တွေ့နိုင်သော အရာမဟုတ်။ အလိုလို သိလာသောအရာသာဖြစ်သည်။ လူတိုင်းနှင့် စပ်ဆိုင်သော လူဖြစ်မှု (Manhood) မှာစိတ်အာရုံသို့ တမဟုတ်
ခြင်း ရောက်လာသော အသိတရားတမျိုးဖြစ်သည်။ နောက်တမျိုးမှာ တစ်စုံတစ်ယောက်သောသူသည် ယောဂီကျင့်စဉ်၌ ပေါက်မြောက်အောင် ကျင့်ပြီး အတိတ်၊ အနာဂါတ်၊ အားလုံးခပ်သိမ်းသောအရာမှန်သမျှ သိနိုင်သော ဥာဏ်မျိုးကိုလည်း ရုပ်မှတ်သိမှု သဘောတရားအဖြစ် လက်ခံကြလေသည်။ အနောက်တိုင်း
အဘိဓမ္မာ၌ ထိုကဲ့သို့ (Extra-Ordinary Perception) ခေါ် ထူးခြားသော သိမှုမျိုးကို လက်ခံခြင်းမရှိချေ။ ဗုဒ္ဓအဘိဓမ္မာသည် ဟိန္ဒူဝါဒ အတန်အသင့် လွှမ်းမိုခြင်းခံရသည်ကို မည်သူမျှမငြင်းနိုင်ချေ။ ထို့ကြောင့် ဗုဒ္ဓအဘိဓမ္မာ၌ ယောဂီကျင့်စဉ်များကို တွေ့ရပေမည်။ နိဗ္ဗာန်ဆိုသော အတွေ့အကြုံကို
သာမညရုပ်မှတ်သိမှုမျိုးနှင့် သိနိုင်သည်မဟုတ်၊ ယောဂီကျင့်စဉ်ဖြင့်သာ ပေါက်မြောက်နိုင်ခြင်းဖြစ်သည်။ ဤနေရာတွင် အတွေးအခေါ် ဖီလိုဆိုဖီပညာ၌ လေ့လာလိုက်စားသူ ပုဂ္ဂိုလ်များ သိအပ်ဖွယ်ရာ သိမှုနှင့် စပ်ဆိုင်သော သဘောတရားတခုကို ထပ်မံတင်ပြလိုပါသည်။ သျှင်ဥက္ကဌတို့ကဲ့သို့
လက်တွေ့မျက်တွေ့သမားများ ယုံကြည်သော သိမှုဆိုင်ရာ သဘောတရားများနှင့် ယှဉ်နှိုင်းလေ့လာရန်လည်း ဖြစ်ပါသည်။ ထိုအချက်မှာ အခြားမဟုတ် အိန္ဒိယပြည်မှ ဂျိမ်းအယူကို လက်ခံသော ပုဂ္ဂိုလ်တို့၏ အယူအဆပင်ဖြစ်ပါသည်။
ဂျိမ်းအယူအဆအရ လူသားသည် ဤကမ္ဘာရှိမည်သည့်ပစ္စည်းကိုမျှ လုံးဝဥဿုံအကုန်အစင် မသိနိုင်ချေ။ ဆိုလိုရင်းမှာ မိမိမျက်စိအောက်တွင် ရှိနေသော စာအုပ်လေးတစ်အုပ်အကြောင်းကိုပင် အကုန်လုံးအပြည့်အစုံ မသိနိုင်ဟူ၍ဖြစ်သည်။ သိနိုင်ပါသလား မသိနိုင်သည်မှာအမှန်ပင်ဖြစ်သည်။
အဘယ်ကြောင့်မသိနိုင်သနည်း။ အကြောင်းမူ ဤစာအုပ်တွင် မူလ (အဖြစ်) သဘောက တစ်ပိုင်း၊ ဆန့်ကျင်မူလ (မဖြစ်) သဘောက တစ်ပိုင်းရှိသည်။ အင်္ဂလိပ်ဘာသာအားဖြင့် (Positive Aspect) နှင့် (Negative Aspect) ဟူ၍ ဆိုရပေမည်။ ဥပမာ အဖြစ်၊ အရှိသဘောမှာ ဤစာအုပ်သည် မည်သို့သော
စာအုပ်၊ မည်သူလုပ်သောစာအုပ်၊ မည်သူရေးသောစာအုပ်၊ မည်သည့်နေရာ တွင်လုပ်သော စာအုပ်၊ မည်သည့်အချိန်ကလုပ်သော စာအုပ်၊ မည်သို့သော စိတ်ကူး အကြောင်းအရာများပါသော စာအုပ် စသည်အကြောင်းအရာများ ဖြစ်သည်။ ရေတွက်၍ မကုန်နိုင်သော အကြောင်းအရာများဖြစ်ကြသည်။
မရှိ၊ မဖြစ်သဘောမှာ ဤစာအုပ်သည် စားပွဲမဟုတ်၊ လူမဟုတ်၊ လွယ်အိတ်မဟုတ်၊ ဖောင်တိန်မဟုတ်၊ အနက်မဟုတ်၊ အကြီးမဟုတ် သို့လျှင် မဟုတ်သော အချင်းအရာများကို ရေတွက်မည်ဆိုပါကလည်း ဆုံးနိုင်အံ့မထင်။ အဘယ်ကြောင့်ဟူမူ လောကတွင်ရှိရှိသမျှ အရာဝတ္ထုမှန်သမျှနှင့် ဤစာအုပ်မှာ ခြားနားရကား ဤစာအုပ်ကို ဖေါ်ပြလိုလျှင် ကျန် တစ်ကမ္ဘာလုံးက ပစ္စည်းများ မဟုတ်ကြောင်းပြရပေမည်။ သို့ဆိုလျှင်လူသည်
မျက်စိဖြင့်မြင်ကာမျှ၊ နားနှင့်ကြားကာမျှဖြင့် အရာဝတ္ထုတို့၏သဘောကို အကုန်အစင်သိနိုင်ပါ သလော။ မသိနိုင်ကြောင်းမှာ ထင်ရှားလှပါသည်။လောကတွင် အမှန်တရား ဟူသည် အဘယ်ကဲ့သို့ဖြစ်သည်ဟူ၍၄င်း၊ အမှန်တရားကို အဘယ်နည်းဖြင့် သာ သိနိုင်သည်ဟူ၍၄င်း၊ ပြောဆိုရေးသား အငြင်းပွါးနေကြသူများမှာကား ဆင်ကောင်ကြီးကို လက်နှင့်ကိုင်စမ်းကာသာလျှင် ဆင်ဆိုသည်မှာ မည်သည့် အရာနှင့်တူသည်၊ မည်သို့ဖြစ်သည်ဟူ၍ ပြောဆိုအငြင်းပွါးနေကြသော မျက်မမြင်ပုဏ္ဏား (၆) ဦးနှင့်သာတူချိမ့်မည်။ အမှန်တရားကိုကား မည်သို့သော ပုဂ္ဂိုလ်မျှ လုံးဝဥဿုံ ငုံ၍မသိနိုင်။ သိလျှင်တမူလည်း အမှန်တရား၏ တပိုင်းတစ ကိုသာ သိသည်ဟူလို။ သျှင်ဥက္ကဌကမူ အမှန်တရားကို အနန္တ၊ အနာဒိ၊ အစအဆုံးမရှိ၊ တစ်ခုတည်းသောတရားဖြစ်ကြောင်းပြောထားပေရာ ကျွန်ုပ်တို့ အနေနှင့် သျှင်ဥက္ကဌအား မေးခွန်းတစ်ခုမေးလိုပေသည်။ အဆုံးအစမထင်သော ထိုအမှန် ဓမ္မကြီးရှိကြောင်း
သျှင်ဥက္ကဌမည်သည့်နည်းနှင့်သိပါသနည်း။ စက္ခု၊ သောတ၊ ဃာန၊ ဇီဝ စသည်ပသာဒတို့ဖြင့် အစအဆုံးမရှိသော အမှန်ဓမ္မတရား ကြီးကို ထိတွေ့မြင်သိ၍ရပါသလား။ အမှန်ဓမ္မကြီးတခုလုံးကို မဆိုထားဘိ၊ အနာဒိ၊ အနန္တဟူ၍ ဆိုရမည့် (Infinity) အင်ဖိနိုတီ ကိုပင်မြင်ရသည်၊ တွေ့ရသည်မဟုတ်။ သချာင်္ဗေဒတွင်ရှိသော အင်ဖိနိုတီ သဘောကို မြင်သိ၊ တွေ့သိ၍ ရပါသလော။ စဉ်းစားစရာပင်။ ဆက်လက်၍ အလျှင်းသင့်သည် ဖြစ်သောကြောင့်
အနောက်တိုင်း တွေးခေါ်ရှင်များ၏ မြင်သိ၊ တွေ့သိ အဘိဓမ္မာကို ဆက်လက်တင်ပြလိုပါသေးသည်။ ဤနေရာ၌ စာဖတ်သူစာနာသူ သည် သျှင်ဥက္ကဌ၏ အာရုံသိသည် အဘယ်မျှမှန်၍ အဘယ်မျှယုတ္တိတန်မှုရှိ သည် မရှိသည်ကို နှိုင်းယှဉ်စဉ်းစားကြစေလိုပါသည်။ သျှင်ဥက္ကဌသည် စိတ်ကို အရှိတရားမဟုတ်ဟု
ဆိုထားသည် ကိုစာဖတ်သူမှတ်မိပါလိမ့်မည်။ သျှင်ဥက္ကဌ အလိုအားဖြင့် စိတ်သည်အဖြစ်တရားသာ ဖြစ်လေသည်။ အဖြစ်တရားဆိုရာမှာ လည်း (မိမိ၏ အဇ္ဇျတ္တိက ကိုယ်၌ရှိသော စက္ခု၊ သောတ၊ ဃာန၊ ဇီဝ၊ ကာယ ဟဒယ တို့နှင့် ဗဟိဒ္ဓ ရူပ၊ ဂန္ဓ၊ ရသ၊ ဖေါဌဗ္ဗ စသည်တို့တွဲကြမှ ပေါ်ပေါက်လာ
သော အဖြစ်တရားကို စိတ်ဟုခေါ်သည်) ဟူ၍လည်း ဖေါ်ပြထားသေး၏။ သို့ဖြစ်ချေသောကြောင့် စိတ်သည် သိမှုတမျိုးသာဖြစ်၍ ကာယကဲ့သို့ (၀ါ) ရုပ်ကဲ့သို့ ရပ်တည်မှုမရှိကြောင်း သျှင်ဥက္ကဌအလိုအရ သိနိုင်ပါသည်။ သို့ဖြစ်လျှင် စဉ်းစားစရာတခု တင်ပြပါမည်။ ဥပမာ သာမိုမီတာ ပြဒါးတိုင် တစ်ခု သည် ဗဟိဒ္ဓလောကမှ အပူ၊ အအေးစသည်တို့နှင့်ထိတွေ့သောအခါ ပြဒါး အတက်အကျဖြစ်ပြီး အပူမည်မျှရှိကြောင်းဖေါ်ပြကြသည်။ ဤသို့ဖြစ်နေခြင်း သည် ပြဒါးတိုင်ကအပူရှိန်မည်မျှရှိကြောင်း သိသောကြောင့်လော။ ထိုဖြစ်မှု သည် စိတ်မဟုတ်ကြောင်းလူတိုင်းသိကြသည်။ သာမိုမီတာအနေနှင့် အပူအအေးကို တွေ့ထိသိရှိသည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာတွင် စိတ်မရှိသောကြောင့်ပင်ဖြစ်သည်။ ဤမျှဖေါ်ပြလိုက်ရုံဖြင့် စိတ်ရှိမှ သိမှုဖြစ်နိုင်ကြောင်း စဉ်းစားဖွယ်တချက်ဖြစ်လာပါသည်။ တွေ့ထိမြင်တွေ့မှု ဖြစ်ပွါးကြောင်းး၌ စိတ်ရှိမှဖြစ်သည်ဟု အနောက်တိုင်းအတွေးအခေါ်ရှင်များ ဖြစ်ကြသော ဂျွန်လော့နှင့်ဘာကလေ တို့ကယူဆကြသည်။ အာရုံသက်သက် တို့ကားရုပ်ပေါ်တွင်ဖြစ်ပေါ်လာသော ပြောင်းလဲမှုများသာဖြစ်ပေရာ စောစောကတင်ပြခဲ့သော
သာမိုမီတာ၌ဖြစ်ပေါ်သော ပြောင်းလဲမှုများနှင့် မည်သို့မျှ မခြားနားပေ။ အာရုံတို့ကို စိတ်ကသတိမလိုက်သေးသရွေ့ ကာလပတ်လုံး အာရုံသာဖြစ်ပြီး သိမှု ဖြစ်မလာချေ။ အာရုံသက်သက်အဖြစ် သာ တည်ရှိနေပေလိမ့်မည်။ စိတ်ကထိုအာရုံတို့ကို အသိအမှတ်ပြုကာမှ တွေ့သိ၊ မြင်သိတည်းဟူသော
အသိအဖြစ်သို့ပြောင်းလဲသွားကြသည် သာဖြစ်၏။ တဖန် သျှင်ဥက္ကဌ မစဉ်းစားမိသော အချက်တခုရှိပါသေး၏။ ထိုအချက်မှာကား တွေ့ထိ၊ မြင်သိမှု (ပါဆက်ရှင်း) သည် အာရုံသက်သက် (Bare Sensation) နှင့်လားလားမျှ မတူညီသကဲ့သို့ ထိုတွေ့သိ၊ မြင်သိသည် မြင့်မားသော အသိများဖြစ်ကြသောတွေးသိ (Imagination) မြှော်ခေါ်သိ (Speculation) ၊ ထပ်ပြန်သိ (Remembrance) တို့နှင့်လည်း မတူသေးပေ။ ထိုအသိတရားကို
မည်သို့ခြားနားကြပါသနည်း။ အဖြေကား တွေ့သိ၊ မြင်သိ၊ (Perception) တွင်အာရုံသည် ပထမအဆင့် အာရုံပေါ်၌ မှတ်သားမှု (သတိ ကပ်မှု)Impression သည် ဒုတိယအဆင့် အဖြစ်ပါဝင်နေရသော်လည်း ဆိုခဲ့ပြီးသော မြင့်မားသောအသိတရားများ ( တွေးသိ၊ မြှော်ခေါ်သိ၊ ထပ်ပြန်သိ) ၌ အာရုံလည်းမလို၊ သတိကပ်မှုလည်းမလို မပါဝင်လည်း ဖြစ်ပေသည်။ တဖန်တုံ တွေ့သိ၊ မြင်သိတွင် မိမိတို့၏ ပသာဒတို့နှင့် ဗဟိဒ္ဓမှ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရူပါရုံ၊ ရသာရုံသို့ တွေ့ထိတွေ့ထိ သည်လောက်သာ သိနိုင်၏။ ထိုထက် ပို၍ ဘာကိုမျှမသိ။ ထိုကဲ့သို့ပင် မိမိတို့တွေ့ထိသည်ကလွှဲ၍လည်း ဘာကိုမျှ ပြောင်းလဲမသိနိုင်သည်ကို စဉ်းစားရာသည်။ သို့သော တွေးသိတွင်ကား မိမိတို့ စိတ်ကူးချင်ရာကူးကြည့်နိုင်သဖြင့် လွတ်လပ်ခွင့်ရှိသည်။
တွေးသူ၏ စိတ်က တွေးချင်ရာ တွေးနိုင်၏။ ဥပမာ မီးကိုမြင်လျှင် မြင်သိ၌ ထိုအရာသည် မီးဖြစ်သည် ဟူ၍သာ သိနိုင်ခွင့်ရှိပြီး ထိုအရာသည် ရေဖြစ်သည်ဟူ၍ သိနိုင်ခွင့် မရှိချေ။ တွေးခေါ်မြှော်မြင်သူအဖို့တွင်ကား မီးကိုရေဖြစ်သည်အထိ တွေးခေါ်နိုင်သည်။ ဂရိတွေးခေါ်ရှင်တဦးဖြစ်သူ (Thales) ၏ အဘိဓမ္မာကို ဖတ်ဖူးသူတိုင်း ဤအချက်ကို သိနိုင်ပေသည်။ သျှင်ဥက္ကဌအား ဤနေရာတွင် တခုမေးလိုပါသည်။ စိတ်သည် အရှိတရားမဟုတ်ဟုဆိုပါလျှင် မြင့်မားသော သိမှုများဖြစ်ကြသော တွေးခေါ်မြှော်မြင်မှု၊ သတိယမှု၊ ထပ်ပြန်စဉ်းစားမှု၊ မှတ်မိမှု တို့ဘယ်ကဲ့သို့ လူတွင်ဖြစ်ပေါ်နေပါသနည်း။ ရှင်းပြနိုင်လျှင်
ရှင်းပြစေလိုပါ သည်။ ဤအခန်းတွင် သိမှုဆိုင်ရာသဘောတရားနှင့် ပါတ်သက်၍ တင်ပြဆွေးနွေးစရာ အချက်ကလေးများ မြောက်များစွာကျန်ရှိနေသေးသော် လည်း ကျမ်းလေးအံ့စိုး၍ ဤမျှနှင့် ရပ်နားလိုက်ရပါသည်။
http://kyawkomin.multiply.com/journal/item/52/52
သိမှုဆိုင်ရာပြဿနာများ
(၁) သျှင်ဥက္ကဌဘယ်လဲ…
ဤမေးခွန်းကို အစဦးစွာမေးလိုက်ရသော်လည်း ကျွန်ုပ်တို့တွင် မေးချင်သောစိတ် ပေါ်လာသည်မှာကား သူ၏စာစုအတော်များများကို ဖတ်ပြီးနောက်တွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သျှင်ဥက္ကဌကဲ့သို့ ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာခြင်းသည် ကျွန်ုပ်တို့အဖို့ ၀မ်းနည်းစရာဟု မြင်ရန်အကြောင်း မရှိ ၀မ်းသာစရာကောင်းသော အချင်းအရာတစ်ရပ် ဖြစ်သည်ဟုသာ ထင်မြင်မိသည်။ ဤသို့ဆိုလိုက်သောကြောင့်ျှင်ဥက္ကဌကိုမလိုလားကြသော
ရဟန်းရှင်လူတချို့က ကျွန်ုပ်တို့အား အပြစ်မြင်ကြမည်လား မဆိုနိုင်။ ဤမျှကြီးကျယ်သော သာသနာ့ ဆူးငြှောင့်ခလုတ်ကြီး တစ်ခုပေါ်ပေါက်လာခြင်း ကို ၀မ်းသာရသလောဟု မေးချင်ကြဦးမည်လား မပြောတတ်။ မည်သို့ပင်ဆိုစေ ရှေးမဆွက စကားဦးတွင် ဆိုခဲ့ပြီးသကဲ့သို့ သျှင်ဥက္ကဌအား သာသနာ့ဆူးငြောင့်
ဟူ၍ အဆုံးအဖြတ်ပေးရန် ကျွန်ုပ်တို့တာဝန်မဟုတ်ရကား ဘာမျှမပြောလိုပေ။ သျှင်ဥက္ကဌလို ပုဂ္ဂိုလ်မျိုး ရဟန်းအဖြစ် ပေါ်ပေါက်လာသည်ဖြစ်စေ၊ လူအဖြစ် ပေါ်ပေါက်သည်ဖြစ်စေ ကျွန်ုပ်တို့ ၀မ်းသာရပေမည်။ အဘယ်ကြောင့် သင်တို့ ၀မ်းသာနေရသနည်းဟု တချို့ကမေးချင်ကြပေဦးမည်။ အဖြေမပေးမီ
သျှင်ဥက္ကဌ ရပ်တည်နေသော အခြေအနေကလေးတချို့ကို စာဖတ်သူ ရဟန်းရှင်လူ ပုဂ္ဂိုလ်တို့ သဘောပေါက်ရန် အနည်းငယ် ရှင်းပြလိုပါသေးသည်။ ကျွန်ုပ်စာရေးနေသော စားပွဲပေါ်တွင် သျှင်ဥက္ကဌ၏ စာအုပ်များဖြစ်သော -
(၁) ဗုဒ္ဓလမ်းစဉ် (၂) ဗုဒ္ဓစာချွန်တော် (၃) အနတ္တရောင်ခြည် (၄) ဘ၀ရေစီး (၅) စဉ်ပြိုင်သာသနာ (၆) လူသေလူဖြစ် (၇) အိုယောဂီ သင်ဘယ်ဆီသွားမလဲ စသောစာအုပ်များ ပြန့်ကြဲနေလေသည်။ ဤစာအုပ်ကိုမရေးမီ သူ၏စာအုပ်များ ကို (ယခင်ဖတ်ဘူးသော်လည်း) ထပ်တလည်းလည်း ပြန်ဖတ်ရသည်။
ဖတ်တိုင်း ဖတ်တိုင်း ဤစာအုပ်တွင် ဝေဖန်တင်ပြထားသော ချွတ်ချော်မှု အတွေးအခေါ် ယုတ္တိမတန်မှုများကလွဲ၍ ကျန်အပိုင်းမှာ မြန်မာနိုင်ငံအတွက် အတော်ပင် ကျေးဇူးများကြောင်း တွေ့ရပေသည်။ သျှင်ဥက္ကဌ၏ စေတနာကိုလည်း စာအုပ် တိုင်းလိုမှာပင် တွေ့ရသည်။ ထိုသို့တွေ့ရသောအခါ
ကျွန်ုပ်စိတ်ထဲတွင် ဖြစ်ပေါ်နေသော သျှင်ဥက္ကဌနှင့် ပြင်ပလောကတွင် ဖြစ်ပေါ်နေသော (အများသူငါ စွဲချက်တင်နေသော) သျှင်ဥက္ကဌသည် အတော်ပင် ခြားနားနေပေ တော့သည်။ ကျွန်ုပ်အထင်သာ မှန်သည်ဟူသော အစွဲမျိုးမထားသော်လည်း၊ မိမိတို့အထင်အမြင်တို့ အဘယ်ကြောင့်မတူညီရပါသနည်းဆိုသော
အချက်ကို မူ မေးမြန်းစစ်ဆေးကြည့်ချင်သော စိတ်များ တဖွားဖွားပေါ်လာလေသည်။
သျှင်ဥက္ကဌအား လူသေလူဖြစ်မှစ၍ ရဟန်းပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၀ါဒီလူပုဂ္ဂိုလ် များက အသိများလာကြပြီး ဆန့်ကျင်လာကြခြင်းဖြစ်သည်။ ထို့နောက် သတင်းစာများတွင် ဟိုးလေးတကျော်ဖြစ်လာရာမှ သျှင်ဥက္ကဌ၏ လူသေလူဖြစ် ကိုလည်းမဖတ်ဖူး၊ တခြားစာအုပ်များကိုလည်း မဖတ်ဖူး၊ ဖတ်ဖူးပါသော်လည်း အစအဆုံး ကုန်စင်အောင်နားမလည်သူများ အားလုံးလိုလိုသည် သျှင်ဥက္ကဌအား ဆန့်ကျင်သူများဖြစ်လာသည်။ သျှင်ဥက္ကဌ၏စာပေကို ဖတ်ဖူးသူနှင့် မဖတ်ဖူးသူ နှိုင်းစာလျှင် မဖတ်ဖူးသေးသူ များလှသည်။ ဖတ်ဖူးသူများအနက်တွင်လည်း နားလည်သူနှင့် နားမလည်သူများကို နှိုင်းစာ
လျှင် နားမလည်သူဦးရေက ပို၍များသည်။ သို့ရာတွင် သျှင်ဥက္ကဌကို လိုလားသူ နှင့် မလိုလားသူဦးရေကို နှိုင်းစာလျှင် မလိုလားသူတို့က ပို၍ များနေကြောင်း လူတိုင်းအသိ ဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ စဉ်းစားဖို့အချိန်တန်ကြပြီဟု ကျွန်ုပ်တို့ မြင်သည်။ ထို့ကြောင့် ဤစာအုပ်ကို ရေးချင်စိတ်ပေါ်ခဲ့ရခြင်း
ဖြစ်လေသည်။ သျှင်ဥက္ကဌ၏ စာအုပ်ကိုဖတ်မိသောအခါ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွင် နားလည်သူဦးရေနည်းရခြင်း အကြောင်းများကို နားလည်လာမိ ပါသည်။ သျှင်ဥက္ကဌ၏ စာပေများကိုနားလည်လိုလျှင် (က) ဗုဒ္ဓကျမ်းဂန်များကို အတော်အတန် တီးမိခေါက်မိထားပြီးသူများ ဖြစ်ရမည်။ (ခ) လက်ရှိကမ္ဘာပေါ် တွင်
ပေါ်ပေါက်ဖြစ်ထွန်းနေသော အတွေးအခေါ်များ (Contemporary Philosophy) ကိုလည်း အတန်အသင့် ဖတ်ဖူးနားဝရှိသူ ဖြစ်ရမည်။ (ဂ) ခေတ်သစ်သိပ္ပံပညာ တိုးတက်ဖြစ်ထွန်းကြောင်း တရားများကိုလည်း သိရှိထားသူများဖြစ်ရပေမည်။ ယခုမြန်မာနိုင်ငံတွင် သျှင်ဥက္ကဌအား ဆန့်ကျင်နေသူများမှာ
သူ၏ရေးသားဟောပြောမှုများကို မကြိုက်၍ ဆန့်ကျင်ကြသည် ဆိုပါမူ၊ သူ့တရားများကို နားလည်နိုင်သူဦးရေ မည်မျှ ရှိကြပါမည်လဲ။ စဉ်းစားစရာရှိပေသည်။ မှန်သည်မှားသည်ဆိုသော အဆုံးအဖြတ် ကိစ္စမှာ မိမိတို့နားလည်သောကိစ္စတွင်သာ ပြုလုပ်နိုင်ကြသည် မဟုတ်ပါလော။ နားမလည်ပဲ မှားသည်မှန်သည်
အဆုံးအဖြတ်ပေးနေကြသော အလေ့အထကား လွန်စွာစိတ်ပျက်ဖွယ်ရှိလှ၏။
သျှင်ဥက္ကဌ၏ တရားများ မှန်သည်မှားသည်ကို ဝေဖန်တင်ပြမည်ဖြစ်ရကား ဦးစွာသူ့တရားများကို နားလည်ထားရန်လိုပါသေး၏။ သျှင်ဥက္ကဌ၏စာစုများ အားလုံးလိုလို၌ လူသားတို့မှာစွဲထင်နေသော အစွဲ (ဥပါဒါန်) များ ပပျောက်ရေး ကိုသာ ထပ်တလဲလဲ အင်အားရှိသမျှ တိုက်တွန်းထားလေသည်။ အစွဲဆိုရာမှာ လည်း ကြောင်းကျိုးမမှန်၊ ယုတ္တိမတန်၊ အထောက်အထားမရှိသောအစွဲများ ဖြုတ်ကြဖို့
အချိန်တန်ပြီဖြစ်ကြောင်းနှိုးဆော်ထား၏။ သူ၏နောက်ဆုံး ပြုစုခဲ့သော အစွဲပြုတ်၊ တဲကုတ်ရွှေနန်းတော် စာအုပ်သည် ဆိုခဲ့ပြီးသော ဥပါဒါန် ပပျောက်ရေး အကြောင်းကိုပင် ရှေ့ရှုထားသည်ကို တွေ့ရပေသည်။ အစွဲပြုတ် တဲကုတ်ရွှေနန်းတော်ကို သီးသန့်တခန်းဖွင့်၍ တင်ပြဦးမည်ဖြစ်ပေရာ ဤနေရာ တွင်
ထပ်လောင်းမရေးသားလိုတော့ပေ။ ယခုတင်ပြလိုသော အချက်တစ်ချက်ရှိပါသည်။ သျှင်ဥက္ကဌသည် ဗုဒ္ဓသာ သနာဝင်ရဟန်းတစ်ဦးအနေနှင့် ဤမည်သောရဟန်းရှင်လူတို့နှင့် (အထူးသဖြင့် ဗုဒ္ဓ၀ါဒီများ) ဆန့်ကျင်သော စာစုများကို အဘယ်ကြောင့်ရေးသားကာ ဘာသာရေးလှုပ်ရှားမှုကြီး တစ်ရပ်ကိုဖန်တီးနေရပါသနည်း။
ဤမေးခွန်းသည် ဦးစွာမေးသင့်သော မေးခွန်းတစ်ခုဖြစ်၏။ အဖြေကားရှင်း၏။
(၁) သျှင်ဥက္ကဌ သည် ဗုဒ္ဓ၀ါဒကိုလက်ခံစေကာမူ (လက်မခံဟူ၍လည်း ငြင်းမည်မဟုတ်) ယခုခေတ် နိုင်ငံတကာ၌ထွန်းကားနေသော ဗုဒ္ဓ၀ါဒမျိုးကို လက်မခံလိုသူ ဖြစ်သည်။ တနည်းဆိုရပါမူ လူနေမှုစံနစ်တစ်ခုက အတောင်အလက်တပ်ကာ ချဲ့ကားချင်တိုင်းချဲ့ကားပြီး နဂိုဟန်
ပပျောက်နေသော ဗုဒ္ဓ၀ါဒကို လက်မခံ လိုပေ။ ထို့ကြောင့် သူ၏ ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၄) တွင် အောက်ပါ အတိုင်း ရေးပြထားသည်။ (၇) ဗုဒ္ဓ၀ါဒ၏ သက်တမ်းကား အနှစ် ၂၅၀၀ ကျော် တော့ အတော်ရှည်လျှား ပြီဟု ဆိုနိုင်သည်။ ထို့ပြင်ဗုဒ္ဓဓမ္မ၏ ခရီးစဉ်ကို ဂဏာန်းချ၍ကြည့်ခဲ့လျှင်
မိုင်ပေါင်းထောင်သောင်းကျော်လွန်နေပြီ ဖြစ်သောကြောင့် ၄င်း၏လမ်းစဉ်လည်း မတိုတောင်းလှဟု ဆိုနိုင်သည်။ ထိုမျှရှည်လျှား သော ခရီးစဉ်ကိုမရပ်မနား တွင်တွင်ကြီးနှင်လာခဲ့သော ထိုမျှမကြာငြောင်းတဲ့ အချိန်အတွင်းမှာ ဗုဒ္ဓဓမ္မသည် တိုင်းကြီးအသွယ်သွယ်၊ ပြည်နယ်အစို့စို့၊ မြို့ကြီးရွာကြီး၊ မြို့သိမ်ရွာငယ်
မဖယ်မကွင်းပဲ အလင်းရောင်ကို ပေးခဲ့လေပြီ။ ထိုမျှမကဘဲ ဖြတ်သန်း၍လာရာ နိုင်ငံများကို ဗုဒ္ဓဆိုင်ရာ ယဉ်ကျေးမှုများဖြင့် ကြွယ်ဝစေခဲ့ပြီ။ ထိုသို့ကြွယ်ဝစေသောကြောင့် ထိုထိုဒေသနှင့် ဒေသန္တရတို့က လည်း (ဗုဒ္ဓ၀ါဒကို ကျေးဇူးပြန်ပေးဆပ်သော အနေဖြင့် ၄င်းတို့၏ဒေသဆိုင်ရာ
ဥပါဒါန်အစွဲအလမ်းနှင့်တကွ ပူဇော်မှု၊ ကိုးကွယ်မှု၊ ပသမှုစသည်တို့ကို ရက်ရက်ရောရော မလွှတ်မငြင်းသာအောင် ဇွတ်အတင်းထိုးသွင်း၍ ပေးလိုက် လေပြီ။) သို့ဖြစ်ရာ ဗုဒ္ဓဓမ္မဟူသော သစ်ပင်ကြီးသည် အကိုင်းအခက်အလက် ဝေဆာပြီး ဧရာမရိပ်မြုံကြီးဖြစ်နေလေ၏။ (ဗုဒ္ဓဓမ္မဆိုင်ရာ ဗုဒ္ဓ၀ါဒအစစ်အမှန် ကြီးကို
လိုက်လံရှာဖွေရန် အလွန်မတန် ခက်ခဲတဲ့အခြေသို့ ဆိုက်ရောက်လျှက် ရှိနေချေပြီ။) အထက်က ဖေါ်ပြခဲ့သော သျှင်ဥက္ကဌ၏ တင်ပြချက်မှာ အဘယ်ကို
ဆိုလိုသနည်း။ အလွယ်ဆုံး အရှင်းဆုံးတင်ပြရလျှင်
(က) ဗုဒ္ဓပေါ်ပေါက်ခဲ့သည်မှာ ကြာပြီ
(ခ) ဗုဒ္ဓ၀ါဒကြီးမှာ တိုင်းနိုင်ငံတိုင်းသို့ ပြန့်နှံကာ လူမျိုးတိုင်း၏
ဓလေ့ထုံးစံများနှင့် ရောနှောလျှက်ရှိနေလေပြီ
(ဂ) လူမျိုးတိုင်း၏ ဓလေ့ထုံးစံများ ရောနှောပြီး ယဉ်ကျေးမှု အရောင်မျိုးစုံ ဆိုးထားပြီး ဖြစ်ရကား စင်းလုံးချော ဗုဒ္ဓ၀ါဒကိုမတွေ့နိုင်၊ တွေ့ဖို့အလွန် ခက်ခဲနေလေပြီ ဟူ၍ဖြစ်၏။ ထို့ကြောင့် သျှင်ဥက္ကဌက စင်းလုံးချော ဗုဒ္ဓ၀ါဒကို ရှာသည်ဟုဆိုသည်။ သို့သော် စင်းလုံးချော ဗုဒ္ဓ၀ါဒကို
သျှင်ဥက္ကဌ ရှာပုံတော် ထွက်ပုံ မှန်ပါလေသလော။ ဤမေးခွန်းသည် ကျွန်ုပ်တို့ကြပ်ကြပ်မေး လိုသော မေးခွန်းဖြစ်သည်။
(၂) သျှင်ဥက္ကဌသည် ဗုဒ္ဓ၀ါဒကို ယုံကြည်သည်။ ဗုဒ္ဓ၀ါဒတွင်မှ သမ္မာဒိဌိကို ရှာသည်ဟု သူ၏စာအုပ်အသီးသီးတွင် ဖေါ်ပြရာ၌ ခေတ်အလျောက်
တိုးတက်ဖြစ်ထွန်းလာသော သိပ္ပံပညာကို လက်မလွှတ်ဘဲ မိမိရရ ဆုပ်ကိုင်ထား သည်ကို တွေ့ရသည်။ သျှင်ဥက္ကဌသည် သိပ္ပံပညာမှ ချမှတ်ထားသော
မူလအခြေခံတရားများကိုလည်း ယုံကြည်စွာ လက်ခံထားသူ ဖြစ်ကြောင်း သူ၏ဘ၀ရေစီး စာအုပ်တစ်အုပ်တည်းနှင့်ပင် လုံလောက်သော သက်သေရှိသည်။
တနည်းဆိုရလျှင် ယခင်ကလူသားတို့၌ စွဲထင်နေသော ဥပါဒါန်များကို သျှင်ဥက္ကဌ အစွဲဖြုတ်ရာ၌လည်း ခေတ်သစ်သိပ္ပံပညာမှ အယူအဆများကို သူ၏မူလလက်နက်ကြီးများအဖြစ် သုံးထားသည်ကို တွေ့ရသည်။ ဤကား သျှင်ဥက္ကဌ မငြင်းသာအောင် ရှင်းရှင်းကြီး အထင်းသား ပေါ်နေသော ကိစ္စသာဖြစ်လေသည်။ ဗုဒ္ဓ၀ါဒသည် သိပ္ပံပညာနှင့် အံဝင်ဂွင်ကျ ရှိသည် ဟုပြလိုသည်ကို မဝေဖန်သင့်ဟု ဆိုသော်မှပင် ဝေဖန်ရတော့မည့် အကြောင်းမူကား သူက ဒါဝင်သီအိုရီလောက်ကိုသာ တကဲ့သိပ္ပံပညာဟု ယူဆထားသောကြောင့်တည်း။ သို့ဆိုလေသောကြာင့် ကျုပ်က ခေတ်မဆန်တဲ့ ၀ါဒကို
ခေတ်မှီလာအောင် မီးရှုးတန်ဆောင် ထွန်းပြတာဘဲ ဟူ၍ သျှင်ဥက္ကဌ ဆင်ခြေ ပေးလေဦးမည်လား မပြောတတ်ပေ။ ပေးမည်ဆိုလျှင် ပေးနိုင်ကောင်း သော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤခေတ်ကြီးတွင် အင်အားကြီးမားသော သိပ္ပံပညာ၏ လွှမ်းမိုးမှုကို လူတိုင်းခံရသည့်အတွက် ဖြစ်သည်။
ထို့ကြောင့် သျှင်ဥက္ကဌလည်း ဗုဒ္ဓ၀ါဒကို သိပ္ပံနည်းကျ၊ ယုတ္တိတန် သော ဘာသာရေးဝါဒ (Scientific Religion) အဖြစ်ဖန်တီးရခြင်းဖြစ်၏။ ဤသို့ ဆိုလျှင် စဉ်းစားစရာဖြစ်လာပြန်၏။ (ရှေးကဗုဒ္ဓ၀ါဒသည် လူမျိုးတကာ၏ ယဉ်ကျေးမှု လွှမ်းမိုးခံနေရသောကြောင့် စင်းလုံးချောမဖြစ်နိုင်ခဲ့သကဲ့သို့ ယခု သျှင်ဥက္ကဌလက်ထက်တွင် ဗုဒ္ဓ၀ါဒသည် သိပ္ပံပညာလွှမ်းမိုးခံရသော (စင်းလုံးချော မဟုတ်သော) ဗုဒ္ဓ၀ါဒပင် ပြန်ဖြစ်ရပြန်လေပြီတကား။ ရှေးကတော့ ဗုဒ္ဓ၀ါဒထဲတွင် ဓလေ့တွေ ထုံးစံတွေ ရောနေ၍ ဗုဒ္ဓ၀ါဒအစစ် မဟုတ်ဟူ၍ဆို၏။ ယခုတော့ သျှင်ဥက္ကဌလက်ထက်တွင် သိပ္ပံပညာလောင်းရိပ် မိသော ဗုဒ္ဓ၀ါဒဖြစ်ချေသောကြောင့် ဗုဒ္ဓ၀ါဒအစစ်ဖြစ်ပြီလော။ ဟုတ်တယ် ဗုဒ္ဓ၀ါဒအစစ်ဘဲ။ ဘာကြောင့်လည်းဆိုတော့ သိပ္ပံပညာဟာ လက်တွေ့ မျက်တွေ့ဖြစ်လို့
မှန်တယ်။ ဒါကြောင့် သိပ္ပံပညာလွှမ်းမိုးမှ သိပ္ပံနည်းတွေ့ ဂွင်ကျမှ ဗုဒ္ဒ၀ါဒဟာလည်းမှန်တော့မပေါ့ဟု သျှင်ဥက္ကဌဆိုချင်ဦးမည်လား။ သို့ဆိုလျှင်ကား အတွေးအခေါ်အတန်ရှိသူများ၏ မျက်မှောက်တွင် သျှင်ဥက္ကဌ၏ အတွေးအခေါ် ယုတ္တိမတန်၊ မှောက်မှားလေပြီ ဖြစ်ကြောင်း လယ်ပြင်တွင် ဆင်သွားသလို
အထင်းသားပေါ်လာပေလိမ့်မည်။ (၃) သျှင်ဥက္ကဌက ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၅) တွင် တိကျမှန်ကန်သော ဗုဒ္ဓ၀ါဒကား ဥပါဒါန်အဆွယ်အပွါးနှင့် အစွဲအလမ်းများ လုံးဝကင်းစင်၏။ ဟူ၍ ဖေါ်ပြထားရာ၌ သိပ္ပံနည်းကျမှုသည် အဓိကဟုဖေါ်ပြထားခြင်းမရှိပေ။ ၄င်းကိုယ်တိုင်ကလည်း သိပ္ပံပညာနှင့် ဗုဒ္ဓ၀ါဒဘောင်ဝင်အံကျရှိမှ ဗုဒ္ဓ၀ါဒသည်
စစ်မှန်ရမည်ဟူသော ယုံကြည်မှုမျိုး မထားသောကြောင့်ပင် ဖြစ်တန်ရာ၏။ သို့ရာတွင် ဤနေရာ၌ ဥပါဒါန် အဆွယ်အပွါးနှင့် အစွဲအလမ်းများ လုံးဝကင်းသည် ဆိုသော စကားမှာ အဓိပ္ပါယ်အယူအကောက် လွှဲမှားစွာ ကောက်ယူ ရရှိနိုင်၏။ သျှင်ဥက္ကဌသည် ဥပါဒါန်ဆိုရာ၌ အဘယ်ဥပါဒါန်မျိုးကို ဆိုသနည်း ဟုမေးရန်
အကြောင်းရှိ၏။ သို့သော် သူ၏စာစုများကို လိုက်လံရှာဖွေကာ စောကြောကြည့်မည် ဆိုလျှင်ကား၊ နောက်ဆုံး သူ၏ အစွဲပြုတ်တဲကုတ် ရွှေနန်းတော် စာမျက်နှာ (၁၂) တွင်ဖေါ်ပြထားသည့် ဒေသဆိုင်ရာအစွဲ၊ လူမျိုးဆိုင်ရာအစွဲ၊ ယုံကြည်မှုဆိုင်ရာအစွဲ (၀ါ) ကာမစွဲ၊ အယူစွဲ၊ ဓလေ့စွဲ၊ အတ္တစွဲ တို့ပင်ဖြစ်၏။
ထိုအစွဲများအနက်တွင်မှ ကာမစွဲသည် အရှိဝတ္ထုတို့ကို စွဲခြင်းဖြစ် ၍ လွဲမှားသောအစွဲမဟုတ်၊ သို့ရာတွင် အယူစွဲ၊ ဓလေ့စွဲနှင့် အတ္တစွဲတို့ကား မရှိတာကို တွေးတောကြံစည်၍ မရှိတာကို သဲသဲမဲမဲ လိပ်ခဲတင်းလင်း စွဲနေ ကြခြင်းကြောင့် ၄င်းတို့ကို ဖြိုခွင်းရန် အားထုတ်ရမည်။ ဤသို့ ရှင်းလင်းဖေါ်ပြ ခဲ့သည့်အတွက်
မရှိစွဲနှင့် အရှိစွဲတွင် သျှင်ဥက္ကဌက အရှိစွဲသည်မမှား၊ မရှိစွဲသာ အမှားဟူ၍လည်း ကောက်ချက်ချထားပြန်လေသည်။ ဤစကား မှားသည်ဟူ၍ (လူသားအနေနှင့်)
မဆိုသာသော်လည်း ဗုဒ္ဓ၀ါဒတွင် ဘယ်အစွဲပဲဖြစ်ဖြစ် မှားသည်သာဖြစ်၏။ ဤစကားကိုလည်း သျှင်ဥက္ကဌက အထက်တွင်ဖေါ်ပြသည့် အတိုင်း စစ်မှန်သောစင်းလုံးချော ဗုဒ္ဓ၀ါဒသည် ဥပါဒါန်အဆွယ်အပွါး လုံးဝ ကင်းစင်၏ ဟူသောစကားက လုံးဝထောက်ခံပြီးသား ဖြစ်၏။ သို့ပါလျှက် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကိုရှာနေသော သျှင်ဥက္ကဌသည် အရှိစွဲဥပါဒါန်ကို မမှားဟု အဘယ့်ကြောင့် ဆိုပါလေသနည်း။ ဥပါဒါန်အဆွယ်အပွါး ကင်းမှ ဗုဒ္ဓ၀ါဒ စစ်မှန်မည်
ဆိုပြီး အရှိစွဲတော့ရှိနိုင်သည်ဆိုခြင်းမှာ သျှင်ဥက္ကဌ စိတ်မနှံ့ပင် ဖြစ်သလောဟု တွေးဖွယ်ဖြစ်လာပါသည်။ သျှင်ဥက္ကဌ၏ ရှေ့စကားနောက် စကား မညီညွတ်မှု၊ အဘိဓမ္မာ တိမ်းစောင်းမှုသည် အထင်းသားပေါ်နေလေပြီ။ ဤနေရာ၌လည်း သျှင်ဥက္ကဌ၏ ရပ်တည်နေသော အခြေအနေကို မြင်သာထင်သာ၏။ အရှိစွဲဆိုရာ၌
သျှင်ဥက္ကဌသည် သဘာဝတ္တသိပ္ပံပညာ၏ အယူအဆများနှင့် လက်တွေ့မျက်တွေ့ဝါဒကို ကိုင်ထားကြောင်းမှာ ထင်ရှားလှ ၏။ ဗုဒ္ဓ၀ါဒမှာကား အနတ္တ၀ါဒသာဖြစ်၍ အရှိစွဲ (အတ္တစွဲ) ကင်း၏။ သျှင်ဥက္ကဌက မူ အရှိစွဲ (အတ္တစွဲ) သည် မှန်သည်ဟု ဆိုချေသည်။ ဗုဒ္ဓပင် မှားသလော၊ သျှင်ဥက္ကဌပင် မှားသလော ဟု မေးရမလိုဖြစ်တော့သည်။ သို့လျှင်ဗုဒ္ဓ၀ါဒကို တစ်ဖက်ကကိုင် တစ်ဖက်ကမူ သိပ္ပံပညာကိုလည်း လက်မလွှတ်ဘဲ ဗုဒ္ဓ၀ါဒတည်း ဟူသော
အဆောက်အအုံတခုကို သိပ္ပံပညာတည်းဟူသော လက်တွေ့ မျက်တွေ့ ၀ါဒအုတ်မြစ်ပေါ်၌ တည်ဆောက်ရန် ကြိုးစားမှုသည် လည်း သျှင်ဥက္ကဌ၏ လုပ်ရပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သျှင်ဥက္ကဌ သတိထားဖွယ်ကောင်းသော အချက်တစ်ခုမှာ အတွေးအခေါ်ပညာ၌ (Basic) ခေါ် အခြေခံ
မူလအုတ်မြစ်နှင့် (Superstructure) အဆောက်အအုံသည် အမြဲတမ်း လိုက်လျောညီညွတ်မှုနှင့် လိုက်လျောညီမှုရှိရန် လိုသော အချက်ပင် ဖြစ်လေသည်။
သျှင်ဥက္ကဌသည် မည်သူနှင့်ပင် ဆန့်ကျင်စေကာမူ မည်ကဲ့သို့ပင် သျှင်ဥက္ကဌအား ရဟန်းရှင်လူများက ဘာသာရေးရှုထောင့်မှ ကြည့်ရှု၍ ဝေဖန်ကြစေကာမူ ကျွန်ုပ်တို့အနေနှင့် ဘာသာရေးရှုထောင့်က ကြည့်သည် မဟုတ်၊ အတွေးအခေါ်ရှုထောင့်သက်သက်ကသာ ကြည့်ရှုဝေဖန်သည် ဖြစ်၍
(မှားသည်မှန်သည်အပထား၍) မြန်မာနိုင်ငံတွင် တွေးခေါ်မျှော်မြင်မှုဘက်က တိုးတက် ထွန်းကားလာအောင် လှုံ့ဆော်နိုင်သော ဆရာတော်အား ကျေးဇူး များစွာ တင်ရပေမည်။ တွေးခေါ်မျှော်မြင်မှု သဘောတရားသည် လူ့ဘ၀အား ရှေ့ဆောင်၏။ ထို့ကြောင့် အတွေးအခေါ် အမျှော်အမြင်မရှိသော လူ့အသိုင်း
အ၀ိုင်းသည် ဦးတည်ချက်မရှိသော လူ့အသိုင်းအ၀ိုင်းသာ တနေ့တခြား ဖြစ်လာရမည်။
ဤနေရာ၌ ဗုဒ္ဓအဘိဓမ္မာသည် မြန်မာလူမျိုးတို့၏ မြန်မာမှုယဉ်ကျေးမှု များဖြင့် ဘောင်ဝင်အံကျ ရှိနေပြီဖြစ်ရကား၊ မြန်မာ့လူမှု အဆောက်အအုံကို ဦးဆောင်နေသော အဘိဓမ္မာ မဟုတ်လောဟု မေးချင်သူများရှိကြပေလိမ့်မည်။ မေးချင်စရာကောင်းသော မေးခွန်းတစ်ရပ်လည်း ဖြစ်၏။ ဤနေရာတွင်
ကျွန်ုပ်တို့အနေနှင့် ခွဲခြားပြလိုသော အချက်တစ်ချက်ရှိပါသည်။ အမှန်မှာ အဘိဓမ္မာဆိုရာ၌ လောကီအဘိဓမ္မာနှင့် လောကုတ္တရာ အဘိ ဓမ္မာကို ခွဲခြားထားဖို့လိုပေသေးသည်။ ဘာသာရေးဆိုင်ရာ အဘိဓမ္မာသည် လူ့ဘောင်၌ လောကုတ္တရာ ရေးရာများကိုသာ ဦးစားပေး၍ ရှေ့ဆောင်သည် မဟုတ်ပါလော။ လောကီရေးရာ အတွေးအခေါ်များဖြစ်ကြသော လူမှုရေး အတွေးအခေါ် နိုင်ငံရေးအတွေးမှအစ ဒဿနိကဗေဒအဆုံး အားလုံးသည် ပစ္စက္ခလူ့ဘောင်နှင့် သက်ဆိုင်သည်သာ ဖြစ်၏။ ဗုဒ္ဓဓမ္မများတွင် (Philosophy) ခေါ် ဒဿနိကအမြင်သဘော သက်သက်က တစ်ပိုင်းရှိပြီး ဘာသာရေးက တစ်ပိုင်းရှိနေ၏။ မည်သို့ပင်ဆိုစေ ဗုဒ္ဓအဘိဓမ္မာကလည်း ဗုဒ္ဓဘာသာကို အားပေးထောက်ကူ ထားသည်သာဖြစ်၏။ ဤမျှဖေါ်ပြလိုက်ရုံနှင့် စာဖတ်သူ စာနာသူသည် သျှင်ဥက္ကဌ လျှောက်နေသော ခရီးလမ်းမှာ ဘယ်ဆီရောက်နေ
မှန်း သဘောပေါက်လာတန်ကောင်းပြီဟု မှတ်ယူမိပါသည်။ သျှင်ဥက္ကဌသည် ဗုဒ္ဓ၀ါဒ ဗုဒ္ဓအဘိဓမ္မာကို မူလအခြေခံပြောင်း၍ လောကီဆိုင်ရာ ၀ါဒများဖြင့် ပြန်လည်တည်ဆောက်ရန် ကြိုးစားခြင်းကား ဖြစ်နိုင်သော (၀ါ) ဖြစ်သင့်သော ကိစ္စမဟုတ်သည်ကို သာမန်လူပိန်းတစ်ဦးပင် နားလည်ကောင်းသော ကိစ္စတစ်ရပ်သာ ဖြစ်ပေသည်။ (၄) ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၃) တွင် သျှင်ဥက္ကဌက (အမှန်ဓမ္မသည် အနာဒိဖြစ်၍ ၊ အစလည်းမထင်၊ ထို့ပြင် အနန္တ ဖြစ်သောကြောင့် အဆုံးလည်းမမြင်၊ အမှန်ကားအစအဆုံး ခွဲခြား၍ မရစကောင်း သော တစ်ခုတည်းသော သဘောဖြစ်သည်။ ဟူ၍ အမှန်တရား၏ သဘာဝကို ခွဲပြထား၏။ ကျွန်ုပ်တို့အနေနှင့်
အထက်ပါအမြင်သည် မှားသည်မှန်သည် ကိုမဖေါ်ပြမီ ထိုအယူအဆကား သျှင်ဥက္ကဌ၏ ပင်ကိုယ်အယူအဆသော်၎င်း၊ ဗုဒ္ဓ၏အယူအဆသော်၎င်း မဟုတ်ဘဲ အနောက်တိုင်းအဘိဓမ္မာဆရာတို့၏ အရိုးအရင်းစွဲ အယူဝါဒသာဖြစ်ကြောင်း ဖေါ်ပြလိုပါသည်။ အကယ်၍ အမှန်တရား အနက်ကို ထိုသို့သာ ၀ိဂြိုလ်ပြုပါက ဖြစ်ပေါ်လာမည့် အသိပညာ ဆိုင်ရာပြဿနာ အချို့ကို ထပ်လောင်း ဖေါ်ပြလိုပါသေးသည်။
အနောက်တိုင်း အတွေးအခေါ်များ၌ (Reality) ခေါ် အမှန်ဓမ္မ ကို အောက်ပါအတိုင်း သတ်မှတ်ယုံကြည်သည်။The real substance is infinite, unconditional, absolute and eternal.
သို့ဆိုလျှင် သျှင်ဥက္ကဌယုံကြည် လက်ခံသော အမှန်ဓမ္မသဘောတရားနှင့် အတူတူပင်ဖြစ်၏။ သို့သော် သျှင်ဥက္ကဌက မူမှန်ဓမ္မသည် အနာဒိဖြစ်၍ အစလည်းမထင်၊ ထို့ပြင် အနန္တဖြစ်၍ အဆုံးလည်းမမြင်၊ အမှန်ကား အစနှင့် အဆုံး ခွဲခြား၍ မရစကောင်းသော၊ တစ်ခုတည်းသော သဘောဖြစ်သည် ဆိုရာ၌
အမှန်ဓမ္မသည် နိစ္စထာဝရ ဖြစ်သည်ကိုကား ဖေါ်ပြ၍မထားပေ။ အမှန်ဓမ္မကို အနိစ္စဟူ၍ သုံးသပ်ထားသောကြောင့်လော မပြောတတ်ပေ။ အနိစ္စဆိုလျှင်ကား သျှင်ဥက္ကဌဆိုသကဲ့သို့ အနာဒိလည်းမဟုတ်၊ အနန္တလည်း မဟုတ်နိုင် တော့သည်ကို အနောက်တိုင်း အဘိဓမ္မာများကို နှံ့စပ်သော သျှင်ဥက္ကဌ
နားလည်သဘောပေါက် ပေလိမ့်မည်။ သို့သော် သူဖေါ်ပြသော အမှန်တရား သည် နိစ္စထာဝရဖြစ်မူ အဘယ်အရာကို ရည်၍ဆိုလေသနည်း။ အထက်က သဘောအတိုင်းဆိုရလျှင် (ဗုဒ္ဓ၀ါဒအရ) ဤလောကသံသရာတို့၌ အနိစ္စ၊ ထာဝရဟူသည် ဘယ်အရာရှိသနည်း။ အနိစ္စထာဝရမဟုတ်သော အရာတို့
သည် အဆုံးအစမထင်သော အရာများမဟုတ်ချေ။ အနိစ္စမှန်သမျှ အနန္တ မဖြစ်နိုင်၊ အနာဒိလည်း မဖြစ်နိုင်ချေ။ အနိစ္စမှန်သမျှ၌ ဖြစ်၊ တည်၊ ပျက် ကြ သည်သာဖြစ်၏။ သို့ဆိုလျှင် အစနှင့်အဆုံးရှိပြီး မဟုတ်လော။ သျှင်ဥက္ကဌ အနေနှင့် လောကတွင် အနိစ္စချည်း ဖြစ်ကြသည်ကား မှန်၏။ သို့သော် ထိုအနိစ္စဆိုသော သဘော(ဓမ္မ) ကား၊ နိစ္စထာဝရဖြစ်၏။ ဟူ၍ဆိုဦးမည်လား မပြောတတ်ပေ။ သျှင်ဥက္ကဌသည် သခါင်္ရတရားကိုပင် ထာဝရသစ္စာ၊
အမှန်တရားအဖြစ် ယူသလော၊ ရုပ်ကိုပင် ထာဝရသစ္စာအဖြစ်ယူသလော။
အကယ်၍ သျှင်ဥက္ကဌက ထိုသို့ငြင်းဆိုသည့်တိုင် ပြဿနာကား ရှင်းသွားပြီ ဟူ၍မဆိုသာချေ။ ပို၍ပင် ၀ိဝါဒကွဲပြားရမည့် သိမှုဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပေတော့မည်။ သျှင်ဥက္ကဌအနေနှင့် ခေတ်သစ်တက္ကဗေဒမှ ခြုံယူဆင်ခြင် (Induction) သဘောကို အတော်အတန် တီးမိခေါက်မိထားမည်ဆိုလျှင်
အထက်ကအတိုင်း အဘယ်နိသျှကို အခြေပြု၍ဆိုနိုင်သနည်း ဟူသော မေးခွန်းနှင့် ရင်ဆိုင် ရမည်မှာ မုချဖြစ်တော့သည်။ တစ်နည်း လွယ်လွယ်ရှင်းရှင်း ပြောရလျှင် အနိစ္စ သဘောဓမ္မသည် နိစ္စဖြစ်ကြောင်း အဘယ်နည်းနှင့် သိပါသနည်း ဟူ၍ မေးရပေတော့မည်။ ဤနေရာ၌ ငါ တင်္ခဏုပ္ပတ္တိဥာဏ် (Intuition)
ဖြင့် သိတယ် ဟူ၍ ဆိုမည့် ပုဂ္ဂိုလ်မျိုးမဟုတ်ကြောင်း သူ၏အရေးအသားများက သိသာနိုင်၏။ အဘယ်ကြောင့်ဆိုသော် သျှင်ဥက္ကဌသည် လက်တွေ့မျက်တွေ့ ၀ါဒသမားတဦး ဖြစ်သောကြောင့်ဖြစ်၏။ တစ်နည်းဆိုရလျှင် သူ၏အရေးအသား များအရ သျှင်ဥက္ကဌသည် (Extreme Empiricist) လက်တွေ့မျက်တွေ့
အယူဝါဒ အယုံကျူးသူ ဟူ၍ပင်ဆိုနိုင်သေး၏။ သို့ဆိုလျှင် သျှင်ဥက္ကဌသည် လက်တွေ့ မမြင်ရသော ဤဓမ္မကြီးကို အဘယ်နည်းနှင့်သိနိုင်ပါသနည်း ဟူ၍ ထပ်မေးရန် ရှိပြန်ပါသည်။ တစ်နည်းရှိသည် မမြင်ရသောဓမ္မတရားကြီးကို လက်တွေ့ပြု၍ သိနိုင်သော နည်းတစ်နည်းရှိ၏။ ထိုနည်းမှာ ခြုံယူဆင်ခြင်နည်း
ယုတ္တိဗေဒနည်းပင် ဖြစ်သည်။ ဖေါ်ပြရပါမူ ဥပမာ (လောကတွင်ဖြစ်ဖြစ်သမျှ အရာတို့သည် အနိစ္စချည်း ဖြစ်ကြသည်) ဆိုရာ၌ ထိုသို့ဆိုနိုင်ရန်၊ တွေးခေါ်ရှင်သည် အရာဝတ္ထုတစ်ခုစီကို စစ်ကြည့်၏။ ထိုအခါ၌ သူတွေ့သမျှ၊ ဖြစ်၊ တည်၊ ပျက် ချည်း တွေ့ရ၏။ ထိုအခါ သူသည် (တွေ့သမျှ ပေါ်တွင်
အခြေတည်၍ ကျန်အရာဝတ္ထုတို့မှာ အနိစ္စ ဟုတ်မဟုတ် ထပ်မံ၍ မစစ်တော့ပဲ ယေဘူယျ အားဖြင့် ခြုံ၍ လောကမှာရှိရှိသမျှ အားလုံး အနိစ္စချည်းဖြစ်သည်။) ဟုဆိုလိုက် သည်။ သို့သော် သူလက်တွေ့မျက်တွေ့ သိသောအရာနှင့် မသိသောအရာတို့ တွင် (အားလုံးကိုခြုံ၍ ပြောသောကြောင့်) မသိသောအရာက
အဆပေါင်းများစွာ ပိုသည်။ ထို့ကြောင့်သူ၏ အဖြေသည်လည်း၊ မမှားစေကာမူ လုံးဝမမှန်ချေ။ ဖြစ်နိုင်သည် ဆိုရုံလောက်သာရှိ၏။ အနေကန်ဖြစ်၏။ ထိုအချက်၌ပင် ထိုသို့ အားလုံးခြုံပြောဘို့ရာ လွယ်ကူသော ကိစ္စမဟုတ်သကဲ့သို့ ပြောလိုက်သမျှ မှာလည်း အမြဲတမ်း မှားနိုင်ကြောင်း သတိပြုသင့်၏။
လောကတွင် မိမိတွေ့သမျှ မတည်မြဲဘူး ဆိုသော်လည်း တည်မြဲသောအရာ တွေ့သောအခါ စောစောက မိမိ၏အဆိုမှာ အမှားကြီး မှားပေမည်။ တည်မြဲသောအရာ မရှိဘူးဟူ၍ကော သိနိုင်၊ အတတ်သေချာပြောနိုင်သော အင်အား သျှင်ဥက္ကဌတွင် ရှိပါသလော။ ဤကား တရားလမ်းသင့်ရာ
ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။ ဤနေရာ၌ လောကကြီးကို မသိနိုင်ဟူသော အယူသို့လိုက်၍ ကျွန်ုပ်တို့ဆိုခြင်းလည်း မဟုတ်။ လက်တွေ့တစ်ခုတည်းနှင့် ယေဘူယျတရား များကို သိဘို့မလွယ် သည်ကိုသာ ဖေါ်ပြလိုခြင်းသာဖြစ်သည်။ တဖန်တုံ ဆိုခဲ့ပြီးသကဲ့သို့ အနိစ္စချည်းဆိုသည့်တရားကိုပင် (မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်နှင့် သိခြင်းကလွဲ၍) သျှင်ဥက္ကဌ၏ လက်တွေ့ မျက်တွေ့ ၀ါဒအရ မှန်မှန်ကန်ကန် သိဘို့ရန် မဖြစ်နိုင်လျှင် ထိုအနိစ္စတရားသည် အမြဲ(နိစ္စ) ရှိသည် ဟူ၍ပြောဘို့ရန်မှာ သာ၍ခက်သေး၏။
(ကျွန်ုပ်တို့၏ ရွှေဥဒေါင်းသို့ ပြန်ကြားချက် စာအုပ်တွင် ဓမ္မတာနှင့် သဘာဝဓမ္မတို့ကို ဝေဖန်တင်ပြရာ၌ ခေတ်သစ်သိပ္ပံအမြင်များနှင့် ယုတ္တိဗေဒမှ ဆင်ခြေတို့အကြောင်း အကျယ်တ၀င့်ရှင်းပြထား သောကြောင့် ထပ်မံရေးသား ရန်မလိုတော့ပေ။) (၅) သျှင်ဥက္ကဌကား စာအုပ်များစွာကို ရေးခဲ့ပြီ၊ သူ၏ဗုဒ္ဓ၀ါဒနှင့် သိပ္ပံ အယူအဆများ ရောမွှေထားသော ဖားတပိုင်း၊ ငါးတပိုင်း အဘိဓမ္မာများကိုလည်း များစွာ ပြောခဲ့ဟောခဲ့ပြီ။ အတွေးအခေါ်၌ ယုတ္တိတန်မှုသည် အရေးကြီးပြီး၊ ရှေ့နောက်စကား ညီညွတ်မှုသည် သာ၍အရေးကြီးကြောင်း
သျှင်ဥက္ကဌ သဘောပေါက်ဟန် မတူချေ။ အဆောက်အဦးနှင့် အခြေခံအုတ်မြစ်တို့ ကိုက်ညီမှု၊ လိုက်လျောညီညွတ်မှုသည် အတွေးအခေါ်တစ်ခု၌ သက်ခင်ဖြစ် ကြောင်း သျှင်ဥက္ကဌ သိနားလည်သင့်ပေသည်။ အတွေးအခေါ်စံနစ် တရပ်ကို ပြောင်းလဲလိုသော်၊ အခက်အလက်ကို ချိုင်၍မရ၊ အမြစ်ကလှန်ပြစ်ရသည်။ (၀ါ) အဘိဓမ္မာတစ်ခုကို ပြောင်းလဲလိုလျှင် မူလအခြေခံကို ပြောင်းပြစ်ရသည်။ ရှင်းရှင်းဆိုရလျှင် ဗုဒ္ဓဓမ္မ၏ အခြေခံကို
ဗုဒ္ဓ၏၀ါဒများဖြင့် မထားဘဲ၊ (Evolution) အီဗေါ်လူးရှင်း ကဲ့သို့သော သိပ္ပံရေးရာ ၀ါဒများနှင့် အခြားသိပ္ပံမူလ အခြေခံများ အစားထိုးလိုက်ပါက အထက်က အဆောက်အဦးလည်း ဗုဒ္ဓ၀ါဒ မဟုတ်တော့ဘဲ သိပ္ပံရေးရားဝါဒ တစ်ခုခုသာ ဖြစ်သွားဖွယ်ရှိသည်ကို သျှင်ဥက္ကဌ သဘောပေါက် ပါ၏လော။ ဗုဒ္ဓ၀ါဒ သဘောတရားများသည် သိပ္ပံနည်းကျရှိသည်ဟု ပြလိုလျှင်လည်း၊ ဗုဒ္ဓ၏ လောကအမြင်နှင့် ခေတ်သိပ္ပံ၏အမြင်များကို ယှဉ်နှိုင်း၍ ခိုင်ခိုင်မာမာဖြစ်အောင် ပြဖို့သာရှိပါသည်။ ဒါဝင် သီဝရီကြီးကို ဗုဒ္ဓ၀ါဒတွင်းသို့ အတင်းသွတ်သွင်းလာခြင်းသည် အခြေခံချင်းမတူညီသော အယူဝါဒနှစ်ရပ်ကို အတင်းပေါင်းစပ်ရာ ရောက်နေပေသည်။ အမှန်မှာ ဘာသာရေးနှင့် သိပ္ပံပညာ သည် အခြေခံခြင်း တူနိုင်ပါမည်လော။ စဉ်းစားစရာ ရှိပါသေး၏။ သျှင်ဥက္ကဌသည်
အဘယ်ကိုရည်၍ အဘယ်လမ်းကို လျှောက်လေသနည်း။ စူးစမ်းလေ့လာကြဦးစို့။
http://kyawkomin.multiply.com/journal/item/51
ကျောက်ကွင်းအရေးတော်ပုံ မှာအားနည်းချက်တွေရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်အားနည်းချက် ကိုအရင်ပြောရျမှာဘဲ။
ကျောက်ကွင်းအရေးတော်ပုံကြောင်းအရင်လေ့လာပြီး အောက်ပါတို့ကိုဖတ်စေချင်ပါတယ်။
အညွှန်းကတော့ …
http://www.thanzinhlaing.com/forums/showthread.php?t=508
အရေးကြီးမှတ်ချက် ။ ။ ကျောက်ကွင်းအရေးတော်ပုံစာအုပ်သည် နိုင်ငံတော်မှထုတ်ဝေခွင့်ပိတ်ပင်ထားသောစာ အုပ်ဖြစ်ပါသည်။ အဘယ့်ကြောင့်နိုင်ငံတော်မှပင် ပိတ်ပင်ထားသည်ကိုစဉ်းစားစေချင်ပါသည်။ တော်တည့်၊ မှန်ကန်၊ တရားမျှတသော၊ အဆိပ်ကင်းသောစာအုပ်ဖြစ်လျှင် တားမြစ်ထားရန်မလိုပေ။ ယခုမှာမူ မိတူများသာပွားလျှက်ရောင်းနေပါသည်။
၁။ စည်းကမ်းချက် (၂) ထဲမှာ ဒီလိုဖော်ပြထားတယ်။ ခရစ်ယာန်ဘာသာနှင့် ဗုဒဘာသာနှစ်မျိုးအနက်မည်သည့်တရားက ကောင်းသည်၊ မှန်သည်ဟု ယှဉ်ပြိုင်ဟောပြော ….ရန် ..တဲ့။
…. ဘာသာရေးအရပြိုင်တာဆိုကတည်းက အခြေနေကဆိုးနေပြီ။ ခရစ်ယာန်ဘာသာက အဓိကလား။ ခရစ်တော်ကအဓိကလား။ ဘာသာတရား ကလူကိုမပြောင်းလဲစေနိုင်ပါဘူး။ ခရစ်တော်ဘုရားကသာ ပြောင်းလဲစေ နိုင် တာပါ။ ခရစ်တော်အကြောင်းထက် ခရစ်ယာန်ဘာသာကောင်းကြောင်းပြောနေလို့ကတော့ ရလဒ်ကောင်းမှာမဟုတ်ပါဘူး။
ဒါကြောင့် ကျောက်ကွင်းအရေးတော်ပုံမှာ ဒီလိုအဆုံးသတ်သွားရတာပါ။ ရေးထားတာကတော့………
—–ကျောက်ကွင်းရွာ တစ်ရွာလုံး တစ်ယောက်မကျန် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြလေသည်။ —-တဲ့။
၂။ ရှုံးသောဘက်မှ ငွေ ၅၀ ပေးရန်တဲ့ ။ ကျမ်းစာထဲမှာ ဧလိယက ဗာလပရောဖက်တွေနဲ့ပြိုင်ခဲ့တာဘဲ။ ဘာရယူုခြင်းမှ မပါဘူး။ ငွေ ပါလာတာ နောက်ပြသနာ။ ငွေအစား .. ၀ိညာဉ်တော်ပါရျမှာ။
၃။ စာအုပ်ရေးတဲ့သူ ….ဘယ်သူ့ဘက်ကလဲဆိုတာကြည့်ပါ။
တစ်ဘက်သက်ဆန်မှုတွေအထင်းသားမြင်တွေ့နေရပါတယ်။ ရှင်းရှင်းလင်းလင်းကိုပါ။ ဘက်လိုက်တဲ့စာရေးဆရာ
ဆိုရင်တော့ ရေးတဲ့စာဟာ .. ကလောင်အဆိပ်ဖြစ်သွားပြီ။ မမျှတတော့ဘူး။ ချန်တာ ပိုတာပါလာပြီ။ ချန်တာ ပိုတာပါတဲ့အခြေအနေ ကို ရေးထားတဲ့စာအုပ်ကို ဘယ်လိုအမှန်အနေနဲ့ ယုံလို့ရတော့မှာလဲ။
၎။ တရားဟောဆရာ ဦးသာဒင် ……….. သူ့ရဲ့ယှဉ်ပြိုင်မှုတွေဟာ ဧလိယနဲ့တော်တော်ကွာတယ်။ သူပြောသင့်တာ ခရစ်တော်အကြောင်း။ ခရစ်တော်ဟာ လူတွေကို ဘယ်လောက်ချစ်တယ်။ ဘယ်လိုကယ်လဲ။ ဘယ် လိုဘုရားဖြစ်လဲပေါ့။ ဒါပေမဲ့ .. သူက တဘက်ကိုတိုက်ခိုက်ဖို့ဘဲအားသန်နေတယ်။ တောက်လျှောက် တဘက်ကိုတိုက်ခိုက်တယ်။ ဒါ မှားတာဘဲ။ ပြိုင်လို့နိုင်ချင်တာ။ တဘက်ကိုဖိချင်တာ။ ဒါနဲ့ဘဲ ၀ိညာဉ်တော်ကထွက်ပြေးတာပေါ့။ ဧလိယတုန်းကဆိုရင် ရှင်းနေတာဘဲ။ သူကိုးကွယ်တဲ့ဘုရားရဲ့အသက်ရှင်ခြင်းကိုဘဲ တိုင်တည်တာ။
ဥပမာ – သိကြားတန်မဲ့ မိန်းမထမီအတွင်း ၀င်ရသတဲ့ လားဗျာ…..
- ဦးသာဒင် သည် `ဗုဒ္ဓ၀င်´ ကို ဝေဖန်တိုက်ခိုက်လေသည်။
-ဘုရားဖြစ်ဖို့ ပဋိသန္ဓေယူဖို့ တောင်းပန်မှ မယ်တော်မာယာရဲ့ ဗိုက်ထဲဝင်သတဲ့ဗျာ..
-ဒါပေမယ့် အခုလို ယုတ္တိကင်းမဲ့တဲ့ ရှေ့နောက်မညီညွတ်တဲ့ တရားတွေ တွေ့လာရတာနဲ့ ဗုဒ္ဓဘာသာကို စိတ်ပျက်ပြီး ခရစ်ယာန်ဘာသာထဲကို ၀င်ခဲ့သူဖြစ်ပါတယ်။
- ဒီမဟုတ် မဟတ် ဗုဒ္ဓဘာသာကို ဆက်ပြီး ယုံကြည်ကိုးကွယ်နေသမျှ အမှားနဲ့ရင်ဆိုင်နေရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နောက်မညီညွတ်ဘဲ မှားယွင်းချွတ်ချော်နေတဲ့ ဗုဒ္ဓဘာသာတရားကို ယုံ ကြည်ကြမည်လား
၅။ ကျောက်ကွင်းရွာမှခရစ်ယာန်များ ……. ယုံကြည်ခြင်းမခိုင်တာပြသနာ။ ခရစ်ယာန်ဖြစ်ခြင်းဘဲသိပြီး .. ခရစ်တော်ကိုမသိတဲ့ပြသနာ။ အဓိက ကတော့ .. ထုတ်ပြစရာ အတွင်းသက်သေမရှိတာ။
ဘုရားသူတို့ကိုဘယ်လောက်ချစ်တယ်။ ဘယ်လိုကယ်တယ်။ ဘယ်လိုအဖြေပေးတယ်ဆိုတဲ့ သက်သေတွေမရှိတာ။
၆။ ဘာသာစကားကျွမ်းကျင်မှု (ဦးသာဒင်၏အသုံးအနှုံး) ………. ဒါလဲအားနည်းချက်တစ်ခုဘဲ။ သံနေသံထား။ အသုံးပြုပုံ။ ပရိသတ်။ ဒါတွေအားလုံးဟာ အရမ်းအရေးကြီးတာဘဲ။ နောက်တစ်ခုက .. ကျမ်းစာထဲက စကားလုံးတစ်ချို့ဟာဗမာစကားလုံးတွေနဲ့ရှင်းပြဖို့မလွယ်ဘူး။ ရှုပ်ထွေးလွန်းတယ်။
ဆက်ပါဦးမည် …
(အသေးစိတ်မရေးသားထားပါဘူး။ အသေးစိတ် ဆွေးနွေးလိုပါကကြိုဆိုပါတယ်။ မေးလ်ကတော့
LordLearsiSupernovo@gmail.com)
http://haineni.ning.com/profiles/blogs/3410811:BlogPost:20938 မှ ကူးယူဖေါ်ပြပါသည်။
ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကိုတက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို မကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..
ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့
အတွေးအခေါ်..
ကိုယ့်အမြင်မှာ အတိတ္တရ၀ုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..
တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..
ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက်မဟုတ်ဘူး..
ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..
စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့
ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်..
တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့
တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..
အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ
အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏတွေ့မြင်နေရပါတယ်…
ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာဆန်းစစ်ကြည့်တော့..ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု၊ရှေးရိုးစွဲအယူအဆများကို ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့အမူအကျင့်တွေရှိတတ်ပါတယ်.. ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီးသမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ရှင်ဥက္ကဌ-ဟာ စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာထင်မြင်ယူဆမိတတ်တာ သဘာဝပါ..ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ဆရာတော်တစ်ပါးဆိုတာကိုတော့
လက်ခံရမှာပါပဲ.. ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို
အရင်လေ့လာကြည့်တာအခါ.. ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ
မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး ထင်မြင်ယူဆမိတတ်ကြတယ်..
ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..
တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို
မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို
လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်.. တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ
ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု
လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့
စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ်
အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..
ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ
ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..
အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊မဖြစ်ခဲ့ကြပါဘူး..
အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊သဘောသဘာဝအမှန်ကို လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလိုဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ
ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်
အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့
အသိဥာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..
အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ..အနောက်တိုင်းစာပေတွေကိုမှ
အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း
ဒီအမှားတွေကိုအလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို
သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို
ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ…..ကျမ်းပြုဆရာဆိုတဲ့.. ၀ိသေသနပုဒ်ကိုတောင်ဖြည့်စွက်ထားလိုက်ပါသေးတယ်..
သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ
ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီးကိုးကားပြောဆိုကြပြန်တယ်..
တကယ်တော့ အဘိဓမ္မာဆိုတာ ၀ိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး
သာလွန်မြင့်မြတ်ပါတယ်..
အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဥာဏ်ရည်အသွေးလောက်နဲ့မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ၀င်ရောက်လေ့လာရတာမျိုးပါ..သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ
နားလည်နိုင်မှာမဟုတ်ပါဘူး..
ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး
ရေးသားခဲ့သူရှိပါသည်
ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။
ထိုစာအုပ်ကို ပြုစုသူကား
ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။
ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင်
ပြန်လည်ပေါ်ထွန်းလာသော အဓမ္မ၀ါဒီများထဲတွင်
တစ်ယောက်အပါဝင်ဖြစ်ပါတယ်။
ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးဟာ
ထေရ၀ါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး
နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့်
ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။
ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။
ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့
ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ
ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။
အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။
ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာတရားတော်များကို
နှိမ်ချရေးသားထားမူ့၊
ဖျက်ဆီးရေးသားထားမူ၊
ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့
မူလဗုဒ္ဓ၀င်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော)
မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင်း အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။
ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍
ဗုဒ္ဓ၏ဗုဒ္ဓ ၀ါဒ ဆိုသော စာအုပ်အမည်ဖြင့်
နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။
ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မ၀ါဒ တရားများဖြစ်ကြောင်း
သိလိုပါလျှင် ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု
အကြံပြုအပ်ပါသည်။
သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ
နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို
မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည်
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ
မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။
မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး
သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။
ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ်
မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု
ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)
ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို
ထုတ်ပြပါမည်။
တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌
ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
`ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။
လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။
ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏ ။
ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်
ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။
ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏
ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ
ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည်
ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏
ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု
ဖြေလေသော် ထိုသို့ဖြစ်လျှင်
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။
ရှင်သာမဏေ ပြုပေးနိုင်၏
ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။
အထက်ပါ ပညတ်ချက်များကို ကြည့်လျှင်
အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော
ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည် သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။ သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည်
အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။
ထို့ကြောင့် ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန်
ကောင်းမွန်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်
တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည်။
ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နု
နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း
မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု
အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏
ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏
အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)
ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။
ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို
ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။
ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတတ်သေး။
ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။
ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။
အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)
www.sbaystudent.org
www.sbay-student.co.cc
ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့
ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။
http://sbaystudent.org/ မှကူးယူဖေါ်ပြပါသည်။
ယနေ့ လူများစွာသေဆုံးခဲ့ပြီး လူပေါင်းများစွာ အိုးအိမ်မဲ့ကာ အတိဒုခရောက်ရသော မကြားဘူးသည့် အင်အားကြီး တရုတ်ငလျှင်နှင့် တခါမျှမကြားဖူးသော မြန်မာပြည်၏ မုန်တိုင်း တို့ ကြုံတွေ့ခဲ့ရပါပြီ။ နောက်ထပ် မကြားချင်အဆုံး သဘာဝဘေးနှင့် အနိဌာရုံများလာပါအုံးမည်။ ဘာ့ကြောင့် ပါလဲ…။
သမာကျမ်းစာတစ်အုပ်လုံး၏ အဓိကပုဂိုလ်မှာယေရှုပင်ဖြစ်ပါသည်။ ယေရှုသည် ဘုရားဖြစ်ကြောင်း၊ ကယ်တင်ရှင်ဖြစ်ကြောင်း၊ ယေရှုလူ့ဇာတိခံယူမည့်အကြောင်း၊ ယေရှု၏ သက်တော်စဉ်ကို ကျမ်းဟောင်းတွင် ကြိုတင်ရေးထားရုံမက ကျမ်းဟောင်းတွင် ယေရှု ဒုတိယအကြိမ်ကြွလာမည့် အကြောင်းပင် ပရောဖက်ပြုထားပြီး ဖြစ်ပါသည်။ ယေရှုသည် ဘုရားဖြစ်ကြောင်း အချက်များစွာရှိရုံမက ကျမ်းတစ်အုပ်လုံးသည်ယေရှုအကြောင်းကို အဓိကထားသောကျမ်းဖြစ်ပါသည်။
တစ်ချက်လောက်တော့ဖေါ်ပြပါမည်။ ပရောဖက် ဟေရှာယ ဘီစီ ၆၀၀ က ၉း၆ … တွင် ဆိုထားသည်မှာ…. THE BOOK OF THE PROPHET ISAIAH
အကြောင်းမူကာ ငါတို့အဘို့သူငယ်ကို(ယေရှု) ဘွားမြင်၏၊ ငါတို့အားသားကိုသနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်၊ နာမတော်မူကား အံ့သြဖွယ်တိုင်ပင်ဖက် ၊ တန်ခိုးကြီးသောဘုရားရှင်၊ ထာဝရအဘ ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
မူလလက်ရေးမူပင် ယနေ့တိုင်ရှိနေဆဲဖြစ်ပါသည်။
ယေရှုသည် ယေရုရှလင်မြို့အနီးရှိ သံလွင်တောင်ပေါ်မှ မိမိကြွမြန်းလာရာ ကောင်းကင်နိုင်ငံတော်သို့ ပြန်သွားခဲ့ပါသည်။ ဒုတိယအကြိမ်လောကသို့ကြွလာလျှင်လည်း ထိုတောင်ပေါ်မှပင် ခြေချကာ ကြွလာမည် ဖြစ်ပါသည်။ ဒုတိယအကြိမ်ကြွလာသောအခါ ထိုတောင်သည် နှစ်ခြမ်းကွဲသွားမည်ဖြစ်ပါသည်။
ယနေ့ ထိုသံလွင်တောင်ကို ကဘာလှည့်အများ သွားရောက်လေ့လာကြလို့ ထိုနေရာတွင် ဟိုတယ်ဆောက်ဖို့ စီမံကိန်းချခဲ့ပြီး အားလုံးသဘောတူခဲ့ပါသည်။ သို့သော် အစီအစဉ်ပျက်ခဲ့ပါသည်။ ကဘာ့ငလျှင်တိုင်းတာရေး အဖွဲ့က ထိုတောင်တွင် ကဘာ့အကြီးဆုံးငလျှင်ကြောကြီးရှိပြီး ထိုငလျှင်လှုပ်ပါက တောင်သည် အရှေ့အနောက် နှစ်ခြမ်းကွဲသွားမည်ဟု ဆိုပါသည်။ ယခုထိုတောင် စတင်အက်နေပါပြီ။
ပရောဖက် ဇာခရိ ဘီစီ ၄၅၀ က ၁၄း၎ ZECHARIAH
ထိုနေ့ရက် ခြေတော်သည် ယေရုရှင်လင်မြို့အရှေ့ဖက် သံလွင်တောင်ပေါ်မှာရပ်ရွှေ့ သံလွင်တောင် သည် အရှေ့ဘက် မှအနောက်ဘက်တိုင်အောင် အလယ်နှိုက်ကွဲသဖြင့် အလွန်ကြီးသောချိုင့် ဖြစ်လိမ့်မည်။ တောင်တ၀က်သည်မြောက်ဘက်သို့၎င်း၊ တောင်တ၀က်သည် တောင်ဘက်သို့၎င်းရွှေ့ ရလိမ့်မည်။
တပြည့်တော်များက သံလွင်တောင်ပေါ်တွင် ယေရှုအား…. ယေရှုဘုရားဒုတိယအကြိမ်ကြွလာချိန်နီးလျှင် အဘယ်နိမိတ်လက်ခနာများ ဖြစ်လိမ့်မည်နည်းဟု မေးလျှောက်ကြ၏။ ရှင်မသဲ ၂၄
ယေရှုက … လူတမျိုးနှင့် တမျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်နှိုက်အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်…….။
စစ်မက်များဟာလည်း ၁၉၀၀ နောက်ပိုင်းလူသားများနှင့် ရင်းနှီးနေသောဝေါဟာရဖြစ်နေပါပြီး၊ နှစ်စဉ် စစ်ကြောင့်သေဆုံးသူများဟာ မရေတွက်နိုင်ပါဘူး။ စစ်အသုံးစရိတ်များဟာလည်း အလွန်ကြီးမားလှ ပါသည်။ တွမ်မဟော့ဒုံးကျည်တစ်စင်းသည် ၁.၃ သန်းတန်ဘိုးရှိပြီး ထိုတန်ဘိုးသည် ငတ်မွတ်နေသော ကလေးများကို ကျွေးမွေးပါက ငါးနှစ်ကျွေးလို့ရပါသည်။
ယနေ့ကဘာပေါ်တွင် သုံးပုံတစ်ပုံးသည် ကောင်းစွာစားနိုင်သော်လည်း သုံးပုံတစ်ပုံသည် ကောင်းစာ မစားနိုင်ကြပါ။ ကျန်သုံးပုံတစ်ပုံသည် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရပါသည်။ နေ့စဉ်ပင် အစာအဟာရ ကြောင့် သေဆုံးသူများစွာရှိပါသည်။
အမှန်တော့ တိုးပွါးများပြားလာသော လူသားများကို ကဘာကြီးက ကျွေးနိုင်ပါသည်။ လူသားများ၏ လောဘဒေါသ မောဟတို့က ကဘာကြီးငတ်မွတ်မှုကိုဖြစ်စေပါသည်။ စီးပွါးရေးသမားများက မိမိဈေး ကွက်အတွက် အစားအစာတန်ပေါင်းများစွာကို မီးရှို့ဖျက်စီးနေကြပါသည်။
ကာလနာရောဂါသစ်များကလည်း ဆေးမရှိသလို ကင်ဆာရေဂါများကလည်း ဆေးနှင့်လူ ယဉ်လာကာ ဆေးမတိုးတော့ဘဲ နှစ်စဉ်သေဆုံးမှုက တိုးလို့သာလာပါသည်။
မြေငလျှင် စာရင်း
အေဒီ
၁၀၀၀ နှင့် ၁၈၀၀ ကြားတွင် မြေငလျှင်ကြီး ၂၁ ကြိမ်သာလှုပ်ခဲ့ပြီး …….. နှစ်ပေါင်း ၈၀၀ အတွင်း
၁၈၀၀ နှင့် ၁၉၀၀ ကြားတွင် ……………. ၁၈ ကြိမ်လှုပ်ခဲ့ပါသည်။……..နှစ်ပေါင်း ၁၀၀ အတွင်း
၁၉၀၀ နှင့် ၁၉၅၀ ကြားတွင်…………….. ၃၃ …………………………………. ၅၀ ………..
၁၉၅၀ နှင့် ၁၉၉၁……………………….. ၉၃ …………………………………. ၄၁ ………..
ယခု အချိန်အခါတွင် ထိုနှုန်းထက် သုံးဆပင်တိုးလိုလာပါသည်။
ယေရှုက ငါ၏ ကယ်တင်ခြင်းတရားကို ကဘာအရပ်ရပ်သို့ဟောပြောပြီးချိန်တွင် အဆုံးသည်ဖြစ်လတံ့ ဟု မိန့်ဆိုခဲ့ပါသည်။ ယခု ကဘာပေါ်တွင် အဟောဆုံးတရားဟာ ယေရှုအကြောင်းပင်ဖြစ်ပါသည်။ ရေဒီယို မှ ရုပ်သံမှ အင်တာနက်မှ ဟောနေကြပြီး တိုင်းနိုင်ငံအနှံ့ ယေရှု၏ သတင်းကောင်း လူသားအားလုံးနီးနီး မကြားချင်းအဆုံးပင်ဖြစ်ပါသည်။ နှစ်စဉ် လူပေါင်းသုံးသိန်းခန့်ဟာ ထိုတရားအတွက် အသက်ပေးကာ ဟောကြားနေကြပါပြီ…
သင်ထိုကပ်ဘေးများ မယုံလည်းကြုံရဦးမည်၊ နှစ်စဉ် သုံးဆသုံးဆတိုးလို့ ယခု အဆုံးချိန်ပိုင်းကိုရောက်နေပါပြီ၊ ယေရှုအကြောင်းမကြားချင်လည်း သင်တိုးလို့သာကြားလာရဖို့ရှိပါသည်။ ယခုလည်း ကြားနေရပါပြီ…. အမှန်တရားကို သင်လက်မခံလည်း တစ်နေ့ ထိုအမှန်တရားကသာ သင့်ကို အနိုင်ယူသွားပါလိမ့်မည်။
ယေရှုဘုရားဒုတိယအကြိမ်ကြွလာချိန်နီးပြီ….သမာသတိရှိကြလော့…..။
http://www.hikmah.info/index.php?option=com_fireboard&Itemid=21&func=view&catid=14&id=&id=755&catid=14 မှကူးယူဖေါ်ပြပါသည်။
ကောင်းတဲ့ မေးခွန်းလေးပါ။ ဘယ်သူမှ မမေးဖူးသေးပါဘူး။ ပကာသနိယကံ ဆိုတာက အဖွဲ့အစည်း တစ်ခုခုနဲ့ လုံးဝမဆိုင်တော့ဘူး၊ ၀ိုင်းပယ်လိုက်ပြီ၊ ကြဉ်လိုက်ပြီ လို့ ဆိုလိုပါတယ်..။ဒီမှာတော့ သံဃာ အသိုင်းအ၀ိုင်းကနေ ကြဉ်လိုက်တယ်ပေါ့ ။
ဟုတ်ပါတယ်။ မြန်မာပြည် သာသနာ့သမိုင်းတစ်လျှောက်မှာ အခုအချိန်အထိ ပကာသနိယကံပြုခံရတာဆိုလို့ ၂ ပါးပဲ ရှိတယ်လို့ ကြားဖူးပါတယ်။ တစ်ပါးက ရှင်အာဒိစ္စ၀ံသဖြစ်ပြီး တစ်ပါးကတော့ ရှင်ဥက္ကဌပါပဲ။ ရှင်ဥက္ကဌက လူသေလူဖြစ်အဆိုနဲ့ ရှင်အာဒိစ္စ၀ံသကတော့ ဘိက္ခူနီသာသနာ ပြန်ထူထောင်ဖို့ အဆိုတွေ တင်ပြရာကနေ အခြေခံပြီး ကံအပြုခံကြရပါတယ်။(
ဒီနေရာမှာ ရှင်ဥက္ကဌဟာဗုဒ္ဓ၀ါဒအမေးအဖြေများ စာအုပ်ရေးတဲ့ အရှင်အရိယဓမ္မရဲ့ ဆရာဖြစ်ပြီး၊ ရှင်အာဒိစ္စ၀ံသကတော့ ကမ္ဘာ့သာသနာပြုဆရာတော် အရှင်သေဌိလရဲ့ လက်ရင်းဆရာ ဖြစ်ပါတယ်။)
အဲဒီကာလ နောက်ပိုင်းမှာ ရှင်ဥက္ကဌက ပျံလွန်သည်အထိ ဒီအတိုင်းပဲ နေသွားပြီး ရှင်အာဒိစ္စ၀ံသကတော့ နောက်ပိုင်း လူအချွတ်ခံရရာကနေ ဦးအောင်မြတ်ထွဋ် ဖြစ်သွားပါတယ်။
အခုလို သမိုင်းဝင် ပကာသနိယကံ အပြုခံရတဲ့ သူတို့နှစ်ပါးဟာ အိန္ဒိယရောက်ကတည်းက စာအတူတူ သင်ဖော်သင်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ဘာသာရေး နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်နဲ့ နောက်ပိုင်း ဘ၀တစ်လျှောက်လုံးမှာ ကောင်းတူဆိုးဖက် သူငယ်ချင်းအရင်းတွေ ဖြစ်နေခဲ့ကြတာပါပဲ။
ဆရာတော် ရှင်ဥက္ကဋ္ဌကို ၁၉၆၃၊ ဇူလှိုင် ၁၄ ရက်နေ့မှာ ပကာသနိယကံ ပြုကြပါတယ်… ဆရာတော် ရှင်အာဒိစ္စ၀ံသကိုတော့ မြန်မာသက္ကရာဇ် ၁၂၉၇၊ တော်သလင်းလဆန်း ၁၂ ရက်နေ့မှာ ပြုကြပါတယ်… ဆရာတော် ရှင်အာဒိစ္စ၀ံသက ဆရာတော်ရှင်ဥက္ကဋ္ဌထက် ၂၈ နှစ် ပိုစောပြီး ပကာသနိယကံပြုခံရပါတယ်…
ဆရာတော် ရှင်ဥက္ကဋ္ဌ ပျံလွန်တော်မူသွားတော့ တောင်တွင်းကြီးမြို့ နတ်မှီကျောင်းမှာ ဂူသွင်းထားပါတယ်…
ဘိက္ခူနီသာသနာ ဆိုင်ရာကို အရှေ့မှာတော့ ရေးပေးပြီးသားပါ ။
အမျိုးသမီး(ရဟန်းမ) တွေမှာ ၀ိနည်းစည်းကမ်းကလည်းများ(၃၁၁ -ခု) ၊ အမှုကိစ္စကလည်းများ(ရဟန္တာမဖြစ်ခင်မှာ) ပင်ကိုသဘောမှာလည်း ရုပ်ရော၊စိတ်ရော ကနုနယ်တာဖြစ်လို့ တောထဲတောင်ထဲ တရားအားထုတ်သီတင်းသုံးခြင်းလို ကိစ္စတွေမှာလည်း ခက်ခဲတယ်။ ဒါကြောင့် ဘုရားရှင်လက်ထက် (၁၆) ၀ါမြောက်လောက်က စတဲ့ ဘိက္ခုနီရဟန်းမသာသနာဟာ ဘုရားရှင်လွန်တော်မူပြီး နှစ် (၅၀၀)အတွင်းမှာ ပျောက်ကွယ်သွားတယ်။ အဆက်ပြတ်သွားတယ်။ ဒါကြောင့် ဒီကနေ့ မိန်းကလေးတွေရဟန်းမ၀တ်ချင်ပေမယ့် မရတော့ဘူး။ အဓိက အကြောင်းအရင်တစ်ခုက မျိုးဆက်ပြတ်သွားတာကြောင့်ပါပဲ ။မိန်းကလေးတွေရဟန်းဝတ်ဖို့ လိုအပ်ချက်တွေက သိမ်မှာ ကမ္မ၀ါ နှစ်ခါ ဖတ်ရတယ်။ အမျိုးသားရဟန်းတော်တွေက တစ်ခါ ၊ အမျိုးသမီးချင်း တစ်ခါ ဖတ်ပေးရတယ် ။ ဒါပြီးမှ ရဟန်းဖြစ်ရမယ်လို့ ဘုရားရှင်က သတ်မှတ်ပေးခဲ့တယ်။ ဒီတော့ အမျိုးသမီးချင်း ကမ္မ၀ါ ဖတ်ပေးဖို့ ရဟန်းမ မျိုးဆက်ကို မရှိတော့လို့ မိန်းကလေးတွေရဟန်းဝတ်ခွင့် ဆုံးရှုံးခဲ့ကြပြီ ။ ဒါကို ဒီဆရာတော်က ဘုရားရှင်က သတ်မှတ်ပေးခဲ့တာကို ဆန့်ကျင်ပြီး ရဟန်းမ သာသနာကို သူပဲ သိမ်သွင်း ကမ္မ၀ါ ဖတ်ပြီး ပြန်ထူထောင်လို့ သူ့ကို ပကာသနိယကံ ပြုခဲ့ကြပါတယ် ။
လူသေလူဖြစ် ဆရာသမားကတော့ -
၁၉၆၃ ကတည်းက သံဃာထုစုံညီပြီး ဦးဥက္ကဋ္ဌတို့ လူစုကို သာသနာပဟု သတ်မှတ်ပြီးဖြစ်ပေမယ့် မိစ္ဆာဒိဋ္ဌိ ဥပါဒါန်စွဲပြင်းထန်သော တလမ်းသွားရုပ်ကြမ်းဝါဒီများပီပီ အမည်အမျိုးမျိုးပြောင်း ၍ ဆက်လက်ရပ်တည်ကာ သာသနာဖျက်နေသောကြောင့်
၁၉၈၀ အထူးဝိနိစ္ဆယခုံရုံး အမှတ် ၂ကို ဖွဲ့ စည်း ကာ သာသနာ့ ရန်စူးရန်ညှောင့်ကို ရှင်းခဲံရပေသည် ။
၁)ဤလူစုသည် ဘာသာမဲ့ ရုပ်ဝါဒီများဖြစ်သည်
၂)လူသေလူဖြစ်ဟူ၍စိတ်ကူပေါက်ရာလိုက်လံဟောပြောနေခြင်း
၃)၃၁ဘုံကို မြတ်စွာဘု၇ားလက်မခံဟု လွဲမှားစွာဟောပြောခြင်း
၎)ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံနှင့်ကံ၏အကျိုးယုံကြည်မှုကို နည်းမျိုးစုံ နှင့် ဖျက်ဆီးနေခြင်း
၅)အတိတ်အနာဂတ်ကိုလုံးဝပစ်ပယ်လျက် ဗုဒ္ဓ၀ါဒသည် ပစ္စုပ္ပန်ဝါဒဖြစ်လေဟန် အမျိုးမျိုးလှည့်စားဟောပြောခြင်း
၆)ဗုဒ္ဓအဘိဓမ္မာကို ဘုရားမဟောဟု လုပ်ဇာတ်ဆင်ခြင်း
၇)သဗ္ဗညုတဥာဏ်တော်ကို ပယ်ခြင်း
၈)သမထ ၀ိပသနာတို့ ကို ပယ်ခြင်း
၉)၀ိနည်းတော်ကို လုံးဝပစ်ပယ်လျက် သင်္ကန်းခြုံကာ မသိနားမလည်သူတို့ ကို လှည့်စားခြင်း
၁၀)၀ိနညးဆောင်ရဟန်းတော်တို့ ကို စော်ကားပုတ်ခတ်မှုကို အခွင့်သင့်တိုင်းပြုခြင်း
၁၁)ပရိတ်တော်တို့ ကို မရွတ်ကောင်းဟု ဖျက်ဆီးခြင်း
၁၂)စေတီပုထိုးဆင်းတုတော်ကိုးကွယ်မှုကို ပြက်ရယ်ပြု ဖျက်ဆီးခြင်း
၁၃)ဗုဒ္ဓယဉ်ကျေးမှုတို့ ကို အမြစ်မှတူးဖြို၇န် ကြိုးစားခြင်း
၁၄)သီလခံယူခြင်း သပိတ်သွပ်ခြင်းဆုပေးဆုယူပြုခြင်းများကို အမပါနပြောဆိုခြင်း
၁၅)ဘုရားဟောပါဠိတော်တို့ ကို ကိုယ်လိုရာကိုယ်ဆွဲ အနက်မှားပေးခြင်း
၁၆)အရိယာနှင့်နိဗ္ဗာန်ကို သူတို့ လိုသလို ဖျက်ဆီးအဓိပ္ပါယ်ဖွင့်ခြင်း
၁၇)ဓမ္မစကြာတရားတော်မြတ်ကို ဖျက်ဆီးပြီး ထင်ရာအနက်ပေးခြင်း
၁၈)လက်ဖြစ်ပါဠိများကို ဘုရားဟောဖြစ်လေဟန် ပလီစိချောက်ချက်ဟောပြောခြင်း
၁၉)ဗုဒ္ဓ၀င်နှင့် ၄အသင်္ချေကမ္ဘာတသိန်း ဖြည့်ခဲ့ ရသော ပါရမီတော်တို့ ကို ပြက်ရယ်ပြုဟောပြောခြင်း
၂၀)သံဂါယနာ ၆တန်ကို ပစ်ပယ်ခြင်း
၂၁)ဘုရားဟောပါဠိတော်များကို ဘုရားဟောမဟုတ်ဟု ငြင်းပယ်ခြင်း
ဒီအချက်တွေနဲ့ ၀ိနည်းဓိုရ်တွေ ရဲ့  စွဲချက်တင်ခံရပါတယ်။ ရုံးတော်မှာ ပိုင်နိုင်စွာ မရှင်းနိုင်တာတွေ ကြောင့်လဲ ပကာသနိယကံ ပြုခဲ့ကြပါတယ် ။ဒီဝါဒကိုလဲ ဖျက်သိမ်းစေခဲ့ပါတယ်။
ထေရ်ကြီးဝါကြီး မထေရ်အကျော်အမော်ကြီးများ ၂၇ ပါး ဦးစီးတဲ့ ၀ိနိစ္ဆယ အဖွဲ့က ဆရာတော်ရေးသားတဲ့ လူသေလူဖြစ် စာအုပ်ပါ အကြောင်းအရာများကို ကောက်နှုတ်ထောက်ပြဝေဖန် စမ်းစစ်ပြီးသကာလ.. ဆရာတော်သည် ပကာသနိယကံပြုထိုက်သူ ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်.. လို့ သိရပါကြောင်း..။
ခေါင်းဆောင်ဝိနည်းဓိုရ်ဆရာတော်များမှာ
သဘာပတိ ဘဒ္ဒန္တဃောတိသာဝံသ(ထားဝယ်)
ဘဒ္ဒန္တဇ၀နာဘိဝံသ
ဘဒ္ဒန္တဓမ္မာဘိဝရ
ဘဒ္ဒန္တကုမာရ
ဘဒ္ဒန္တဥာနိက (မြောင်းမြဆရာတော်) တို့ ဖြစ်ပါသည် ။အဋ္ဌကထာဆိုင်ရာ၊ ၅၅၀ ဆိုင်ရာကို ဆက်ရှင်းပါမယ်။
(ဒီပိုစ့် မှအချက်များကို နေးတစ်ဖ်မြန်မာဖို၇မ် ၊ ပဒုမ္မာ ဖိုရမ် တို့မှာ မှတ်သားထုတ်ယူပြီး အားလုံးဗဟုသုတ ရဖို့ ပြန်ရေးပေးတာဖြစ်ပါတယ်။)
http://solomonn.0fees.net/wordpress/?page_id=76 မှကူးယူဖေါ်ပြပါသည်။
Welcome to Blog.com.
စမ်းကြည့်ခြင်း